"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားတာလား ချမ်းမြေ့ "
ဝေဟင်ရဲ့ အမေးကို ပြန်မဖြေဘဲ သော်က ကျောင်းအခန်းပေါက်ဝဆီ တစ်ချက်ကြည့်ပြီး သက်ပြင်းချ၏။သော်လှမ်းကြည့်လိုက်လို့ ပြန်ဆုတ်သွားတဲ့ မောင့်ပုံရိပ်ကို လှစ်ကနဲ မြင်လိုက်ရ၏။
"မင်းတို့ ဘာတွေစိတ်ဆိုးနေတာလဲဟ မင်းချစ်သူမောင်က မနက်ကနေ ညနေထိ အားတဲ့အချိန်တိုင်း မင်းကို သူ့မှာ လာလာချောင်းနေရတာ "
"သူ့အပြစ် သူသိတယ် "
"ပြေပြေလည်လည် လုပ်ကြပါကွာ "
"မင်းက ဘာသိလို့လဲ အုပ်စိုး! "
"ဘာမှတော့ မသိဘူး ဒါပေမယ့် မင်းချစ်သူမောင် ကိုတော့ တော်တော်သနားနေပြီ! "
"ဟွန့်! "
သော်က နှာခေါင်းရှုံ့ကာ တစ်ဖက်ကို လှည့်ထားလိုက်၏။ပဒေသာပင် လှည့်ဖို့ကိစ္စတွေနဲ့ မောင် အလုပ်မအားတဲ့ ကြားထဲက လာလာပြေးချော့နေမှန်း သိ၏။ကျောင်းမှာလည်း ဝေဟင်တို့နဲ မုန့်တွေပေးပြီး ချော့လိုက်၊ ကျူရှင်ကိုလည်း မုန့်တွေ လာပို့လိုက်နဲ့ နည်းလမ်းပေါင်းစုံနဲ့ချော့နေမှန်း သိ၏။ သို့ပေမယ့် သော့်မှာ စိတ်မပြေသေး။ ထူးဆန်းတယ်လို့ ပြောတဲ့စကားကြီးကိုဘဲ သော် ချဲ့ကားတွေးနေမိတာလား မပြောတတ်။
"ပြောပြစမ်းပါ ဘာဖြစ်ခဲ့တာလဲလို့ သူ့အမှားဆို ငါသူ့ကို သွားလုပ်မှာ! "
"မင်းက သူ့ကို နိုင်လို့လား "
"နိုင်နိုင် မနိုင်နိုင်လေ ကိုယ့်ချစ်သူကို စိတ်ချမ်းသာအောင် မထားနိုင်တဲ့ ကောင်တွေက လောကမှာ ရှိမနေသင့်ဘူး! "
" စိတ်ညစ်ရတဲ့အထဲ တစ်ကောင်က ကြီးကြီးကျယ်ကျယ် တွေ ပြောပြန်! "
အုပ်စိုးက မျက်နှာကို အုပ်ရင်းပြောတော့ ဝေဟင်က အုပ်စိုးလက်ကို တဖြန်းဖြန်းနဲ့ ရိုက်တော့၏။
"တော်တော့ဟာ! စာဘဲလုပ်တော့မယ်! "
သော်က နှစ်ယောက်လုံးကို စိတ်ပျက်သလို ကြည့်ရင်းပြောတော့ ကိုယ်ရှိန်သတ်ကာ အနားကို တန်းရောက်လာကြ၏။
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)