လူတိုင်းလူတိုင်းဟာ တစ်ခါတစ်ရံမှာတော့ တစ်စုံတစ်ယောက်ရဲ့ အားပေးမှုကို လိုအပ်ကြတာပါဘဲ။ တစ်စုံတစ်ယောက်ဆိုတဲ့အတိုင်းဘဲ ကျွန်တော်တို့ဟာ အားပေးမှု နွေးထွေးမှု သေးသေးလေးတောင် လူရွေးပြီးမှ လိုချင်တဲ့အမျိုး။ကိုယ်လိုချင်တောင်းတနေတဲ့ အားပေးမှု နွေးထွေးမှုဟာ ကိုယ်ချစ်ရတဲ့သူ ဒါမှမဟုတ် ကိုယ်တန်ဖိုးထားရတဲ့သူဆီကဘဲ လိုချင်ကြတာ...။တစ်ခြားသူတွေပေးတဲ့ နွေးထွေးမှုဟာ ကျေးဇူးတင်စရာ ကောင်းပေမယ့် ကိုယ့်လိုလူမျိုးတွေအတွက် အထောက်အကူမဖြစ်ချေ။မောင်ကလည်း ဒီလိုလူမျိုးဘဲ...နွေးထွေးမှုတောင် လူရွေးတဲ့သူမျိုး.. ချစ်ရတဲ့ သော့်ဆီကဘဲ လိုချင်တာ..သော်မှမဟုတ်ရင် အနာနဲ့ဆေး မတည့်သလိုဘဲ...။ဒါကြောင့်လည်း စုတ်ပြတ်သပ်နေတဲ့ လက်ကို ဘာဆေးမှမထည့်ဘဲ ဒီအတိုင်းကျောင်းကို အစောကြီး လာပြီး လာစောင့်နေတာ။ဆိုင်ကယ်မမောင်းနိုင်လို့ အိမ်က လိုက်ပို့ပေးရတဲ့ အဖြစ်။မြန်မြန်တွေ့ချင်နေတဲ့ နေ့မှ မုန်လာဥဖြူလေးက ကြာနေသလိုဘဲ။
"ကျောင်းတက်တော့မှာကို လာလည်း မလာသေးဘူး"
နာရီကြည့်လိုက် ကျောင်းပေါက်ဝကို ကြည့်လိုက် လုပ်နေတဲ့ မောင့်ကို ကျော်ရှိန်တို့ နှစ်ယောက်လည်းအမြင်ကပ်လာပြီလား မပြောတတ်။
"ဟော ဟိုမှာ လာပါပြီဗျာ "
အာကာ့အသံကြောင့် လှမ်းကြည့်လိုက်တော့ ကျောင်းထဲ ဝင်လာတဲ့ အုပ်စုထဲမှာ ထင်းထွက်နေတဲ့ ချစ်ရသူလေး။ကိုယ့်ချစ်ရတဲ့သူ မို့လို့လား မပြောတတ်..ဘယ်လောက်ဝေးဝေးကနေကြည့်ကြည့် သော်ဆိုတာ တန်းမှတ်မိနိုင်တဲ့သလို...အရိပ်လေးဘဲ မြင်ရမြင်ရ...နောက်ကျောလေးဘဲ မြင်ရမြင်ရ သော်ဆိုတာ သိနိုင်လောက်တဲ့အထိ မောင့်မျက်လုံးထဲ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေတဲ့ ကောင်ငယ်လေးပါဘဲ။
"သော် "
"ဟင် "
"လွယ်အိတ်တွေ ဝေနှစ်ဝေနဲ့ ပေးလိုက် မောင်နဲ့ ခဏလိုက်ခဲ့ ပေးအုံး နော် "
မောင်ခေါ်လိုက်တော့ မျက်ဝန်းတောက်တောက်လေးတွေနဲ့ မောင့်ကို လှမ်းကြည့်လာ၏။ချစ်လိုက်ရတာ...ဖျစ်ညှစ်ပစ်ချင်စရာဘဲ...။လိုက်ခဲ့ဖို့ပြောတော့ နားမလည်သလို ကြည့်ကာ ပြန်မေးလာ၏။
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)