(43)

10.4K 576 39
                                    

ဆယ်ကျော်သက် ရင်ခုန်သံကနေ အစပြုပြီး ဘယ်အခြေအနေအထိ ရောက်အောင် သွားနိုင်မလဲတဲ့။ ဒီမေးခွန်းက ဒီနှစ်တွေအတွင်း ကိုယ့်ကိုကိုယ် ပြန်မေးနေခဲ့မိတာတွေ။ ဆယ်ကျော်သက်အရွယ်မှာ အကြင်နာမြစ်ဖျားခံခဲ့တဲ့ စိမ့်စမ်းရေသဖွယ် အချစ်တွေဟာ သော့်ကို အခုအချိန်အထိ အေးချမ်းမှုကို ပေးစွမ်းနိုင်တုန်းပင်။သို့ပေမယ့်လည်း ဒီအေးချမ်းမှုလေးဟာ ကျိုက်ထီးရိုးလေးက ပြန်လာပြီးတဲ့အချိန်မှာ အကုန်ပြိုပျက်ကျသွားတော့တာပါဘဲ။ အသိစိတ်က မဖြစ်နိုင်တော့ဘူး မောင်ဟာ သက်ဆိုင်သူရှိသွားပြီလို့ အသိပေးနေပေမယ့် မသိစိတ်က မောင့်ကို မျှော်လင့်နေတုန်း။ မောင့်ဆီက အကြောင်းပြချက်ကို နားထောင်ချင်နေတုန်းဘဲ။သူမတူအောင် ချစ်ပြခဲ့တဲ့ မောင့်ကြောင့် မောင့်အကြင်နာတွေကြောင့် မောင်က ဒီလိုမလုပ်လောက်ဘူးလို့ တွေးနေခဲ့မိတာများလား။

"အဲ့တော့ သူက ထပ်မတွေ့ကြရုံပေါ့လို့ ပြောသွားတယ်ပေါ့"

"အင်း "

"ဒါပေမယ့် ကျိုက်ထီးရိုးလေးတုန်းက နင့်နောက်လိုက်ခဲ့တယ် မှတ်လား ချမ်းမြေ့ရဲ့ "

"အဲ့ဒါကလည်း သူက ရုတ်တရက်ဆိုတော့ "

"ငါတော့မယုံဘူး ချမ်းမြေ့ မင်းချစ်သူမောင်က အဲ့လိုလုပ်မှာ မဟုတ်ပါဘူး "

ပိုးကောင်မက အခိုင်အမာ ဆိုလာ၏။အသိမပေးဘဲ ပြန်ရောက်လာလို့လည်း စိတ်မဆိုးအပြင် သူငယ်ချင်းဖြစ်သူ အရုပ်ကျိုးပျက်ဖြစ်နေပါတယ်လို့ ကြားတော့ ရောက်ရာ အရပ်က အပြေးအလွှားရောက်လာပြန်တာ။ကျိုက်ထီးရိုးလေးက ပြန်လာပြီး အခန်းပြင်တောင် မထွက်တော့တဲ့ သော့်ကို တီငယ်က စိုးရိမ်စပြုလာချိန်မှာတော့ ပိုးကောင်မတို့ကို အကြောင်းကြားကာ အသိပေးလိုက်တာ ဖြစ်၏။

"ချမ်းမြေ့!! "

ဝမ်းနည်းစိတ်တွေ လွင့်စင်သွားစေတဲ့ အသံက ဝေဟင်ထွန်းရဲ့ အသံပါဘဲ။အော်ချလိုက်တာများ သော်တောင် တုန်ခနဲ ဖြစ်သွားတဲ့အထိ။

"ဟမ် ပြန်ရောက်နေတာတောင် ငါတို့ဆီ မဆက်သွယ်နိုင်ရအောင် မင်းမှာ သူငယ်ချင်းစိတ်ဓာတ်မရှိဘူးလား "

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now