(35)

7.4K 507 36
                                    

Hijet ကားလေးထဲ ကျောင်းသားကျောင်းသူများ ကျပ်ကျပ်သိပ်သိပ် လိုက်ပါလာ၏။မနက် 2နာရီလောက်ထကာ ထွက်လာကြတာမို့ တစ်ချို့ကလည်း ငိုက်မြည်းနေသလို တစ်ချို့ကလည်း ပထမဦးဆုံး ခရီးစဥ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြ၏။နှင်းသီတာဘော်ဒါဆောင်က ကျောင်းသားကျောင်းသူတွေမှာ စာမေးပွဲပြီးဆုံးတဲ့အထိမ်းအမှတ်နဲ့ ကျိုက်ထီးရိုးဘုရားဖူးခြင်း ခရီးစဥ်ကို စတင်လာခဲ့ကြ၏။
မတ်လထဲရောက်နေပေမယ့် မနက်ခင်းအစောပိုင်းတွေဆို ရာသီဥတုက စိမ့်အေးနေသေး၏။အပေါ်ထပ်ကနေ ထပ်ဝတ်ထားတဲ့ အင်္ကျီလေးကို ဆွဲစိရင်း ဘေးဘီကို ကြည့်မိတော့ ဝေဟင်က အုပ်စိုးကို မှီကာ အိပ်ပျော်နေ၏။မိန်းကလေးတွေက ကားအတွင်းပိုင်းဘက်ကနေ စီးပြီး သော်တို့က နောက်နားကနေ စီးကာ လိုက်ပါလာခြင်းဖြစ်၏။

"မူးတတ်တဲ့လူတွေ ဆေးကြိုသောက်ထားကြအုံးနော် "

"သောက်ထားပါတယ် ဆရာ "

ညက ဘော်ဒါဆောင်မှာ အိပ်ခါနီးကို ဆရာကို့ ကန်တော့ကြရင်း ငိုကြသေး၏။သော်ကတော့ ဆရာတို့နဲ့ နီးတာမို့ ကိစ္စမရှိပေမယ့် နယ်ဝေးက လာတက်တဲ့သူတွေကြ ဘော်ဒါဆောင်ကြီးကို လွမ်းဆွတ်နေမှာ အသေအချာ။ကျောင်းပြီးသွားတဲ့ ကျောင်းသားတွေ လာကန်တော့တာတွေ့ရင် တစ်ချိန်ကျရင် ငါတို့လည်း ဒီလိုမျိုး လုပ်ရတော့မှာပါလားလို့ တွေးကာ ဝမ်းနည်းမိသေး၏။ကင်မွန်းစခန်းကို မနက်6နာရီ​လောက် ရောက်ကြပြီး မနက်စာ စားပြီးတာနဲ့ တောင်ပေါ်ကို ကားဖြင့်တက်ကြမှာ ဖြစ်၏။ဝေဟင်ကတော့ တစ်ချိန်လုံးအိပ်ကာ လိုက်လာပြီး ပိုးကောင်မကတော့ ကားမူးကာ တစ်ချိန်လုံး အော့အန်နေတော့၏။

"အပြန်ကို ကုန်းကြောင်းဆင်းကြမလား "

"မလုပ်ပါနဲ့ဟယ် အခုတောင် ဘယ်လိုတက်ရမလဲ မသိသေးဘူး "

နွေရာသီ ကျောင်းပိတ်ချိန်မို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးသူတွေနဲ့ စည်ကားလွန်းလှ၏။

"ကုန်းကြောင်းဆင်းရင် ပျော်စရာကြီးနေမှာ "

"ရသေ့တောင်အထိ ဆင်းကြမယ် ရသေ့တောင်ရောက်မှ ကားပြန်စီးကြရအောင် "

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now