ဝေနှစ်ဝေရဲ့ ဆွဲခေါ်မှုနဲ့ ကျောင်းပြင်ရောက်လာတဲ့ သော်က မှုန်ကုပ်နေ၏။နေပူနေတာမို့ ဦးထုပ်မဆောင်းလာခဲ့ရတော့ နေပူရှိန်နဲ့ မျက်နှာလေးက နီရဲနေ၏။နေရောင်ထဲမှာဆို ပိုပြီး အရောင်ထွက်တဲ့သူမျိုးဆိုတော့ မျက်နှာနီနီ မျက်တောင်ရှည်ရှည်လေးနဲ့ ကောင်ငယ်လေးဟာ လှချင်တိုင်းကို လှနေတော့၏။သို့ပေမယ့် မျက်နှာလေးက ဆူပုတ်ပုတ်ရယ်...။
"မသွားချင်ပါဘူးဆိုဟာ...မင်းတို့ကလည်း..."
"သူက အပြင်အဝတ်အစားနဲ့မို့ ကျောင်းထဲ မဝင်ချင်လို့တဲ့ "
တစ်ခါတစ်လေ ဒီနှစ်ကောင်ဟာ သော့်သူငယ်ချင်းတွေလား...မင်းချစ်သူမောင် သူငယ်ချင်းတွေလား မသဲကွဲ။
"နေတွေ ပူနေပြီ တကယ်ဘဲ "
"သော် "
ဝေနှစ်ဝေလက်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ပါလာတဲ့ သော့်ကို မြင်တာနဲ့ မင်းချစ်သူမောင်တို့ ပြေးလာတော့၏။
"နေတွေပူကုန်ပြီ မောင် တောင်းပန်ပါတယ် သော်ရယ် "
နေပူမှန်းသိရင်လည်း ဘာလို့အတင်းခေါ်နေသလဲ...ဒီအချိုးမပြေတဲ့ ကောင်ကတော့။
"ဘာလာလုပ်တာလဲ မင်းက "
မင်းချစ်သူမောင်က ပိုအရပ်ရှည်တော့ နေဘက်ကို ကျောပေးကာ သော့်ဆီအရိပ်ရအောင် ကာပေး၏။လက်တစ်ဖက်ကလည်း သော့်ခေါင်းကို နေမပူအောင် အုပ်ပေးထားလိုက်သေး၏။သို့ပေမယ့် သော်မေးတာကို မဖြေသေး။
"မောင်ကောင်းတို့ လာလေ "
အဲ့တော့မှ ကားလမ်းတစ်ဖက်မှာ မတ်တပ်ရပ်နေတဲ့ သူ့သူငယ်ချင်း သုံးယောက်ကို တွေ့လိုက်ရ၏။မိန်းကလေး တစ်ဦးလည်း ပါသေး၏။သုံးယောက်လုံးက ပိုက်ဆံရှိ သားသမီး တွေမှန်း သိသာအောင် ချောချောသန့်သန့်လေးတွေ ဖြစ်၏။
"မောင့်သော် မျက်နှာလေးကို နီရဲနေတာဘဲကွာ "
"မင်းချစ်သူမောင်! "
သူ့သူငယ်ချင်းတွေရှေ့ကို ဘယ်လိုတွေခေါ်နေမှန်း မသိ လူကို အထင်လွဲအောင်။ခေါ်သံအဆုံး လက်ကလည်း ဖြန်းခနဲ ရိုက်ပြီးသားက အကျင့်လို ဖြစ်နေ၏။ဒင်းကတော့ မျက်နှာပိုးမသေ။
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)