(22)

9.2K 690 44
                                    

"တီငယ် ဒီနေ့တစ်နေ့တော့ သား သော့်ကို ခေါ်သွားအုံးမယ်နော် "

မျက်လုံးဝိုင်းဝိုင်းလေးတွေ၊ မျက်လုံးတောက်တောက်လေးနဲ့ ထိုင်ခုံပေါ်ကနေ ခြေတွဲလောင်းချကာ ဒူးခေါင်းပေါ်ကို လက်နှစ်ဖက်တင်ထားရင်း မျှော်လင့်ချက်အပြည့်နဲ့ ပြောလာတဲ့ မင်းချစ်သူမောင်။ကိုယ့်တူလေးလို ချစ်စရာမကောင်းသော်ငြားလည်း ဒီကောင်လေးဟာ အသဲယားစရာ။

"သော်လေး လိုက်မယ်ဆို ခေါ်သွားလေ သားရဲ့ သော့်ကိုသွားပြောရေ အပေါ်ထပ်မှာ ထင်တယ် "

"သော်က တီငယ့်ကို ပြောတဲ့...တီငယ်ကလည်း သော့်ကိုပြောနဲ့ သားစိတ်ညစ်လာပြီနော် "

"မင်းချစ်သူမောင်! မင်း..ငါ့တီငယ်ကို ဘာတွေ ဂျစ်တိုက်နေတာလဲ "

"သော်ဘဲ စဥ်းစားကြည့် မောင်ရောက်နေတာ မနက်မိုးလင်းထဲလေ ဆွမ်းလည်း ကူကပ်ပေးပြီးပြီ သန့်ရှင်းရေးလည်း ကူလုပ်ပေးပြီးပြီ သော့်မွေးနေ့လုပ်ပေးမို့ ခေါ်နေတာကို မောင့်ကို ပလစ်နေကြတယ် "

မနက်မိုးလင်းထဲက ရောက်လာပြီး သော်နဲ့ လာလုပ်ကူနေတာ။အပြင်ခေါ်သွားမယ်လို့ပြောနေတာကို သော်က မသိချင်ယောင်ဆောင်နေတာမို့ တီငယ့်ဆီ ခွင့်တောင်းနေတာ ဖြစ်၏။ အပြာနုရောင် လည်ကတုံးအင်္ကျီကို အပြာရင့်ရောင် ပုဆိုးအကွက်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ မောင့်ပုံစံက ရှင်းသန့်ခန့်ညားနေ၏။

"သွား သွား ခေါ်သွား မိုးတော့ မချုပ်စေနဲ့ "

"မိုးချုပ်ရင် ဘုရားကြီးမှာက ဆီမီးတစ်ထောင် ပန်းတစ်ထောင်ရှိတယ်လေ တီငယ်... ဟီး "

"ကဲ သော် နေချင်တယ်ဆိုရင် ခေါ်ထားလိုက် မနေချင်တော့ဘူးဆို လာပြန်ပို့ အဲ့ကောင်လေးက အပြင်မှာ ကြာကြာနေတာ မဟုတ်ဘူး "

"ဟီး ဟုတ်ကဲ့ တီငယ် ​သော် မြန်မြန်လုပ် သွားမယ် "

"ခွေးလိုက်ဆွဲပါစေ မင်းကို! အဲ့လောက်မျက်စိနောက်နေတာ "

"တွေ့လား တီငယ် သားကိုဆို သူကအကောင်းကို မပြောဘူး "

မောင်က တီငယ့်ကို လှမ်းတိုင်တော့ သော်က ပြောင်ပြကာ အပေါ်ပြေးတက်သွား၏။တီငယ်ကလည်း သော့်ပုံစံလေးကို သဘောတကျရီ၏။မောင့်မှာလည်း မမြင်ဖူးတဲ့ သော့်ပုံစံလေးကို ရင်တွေခုန်လိုက်ရတာ။

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now