(41)

8.5K 535 31
                                    

"ဟန်နေ...နေ့တိုင်းတွေ့ချင်တာ မင်းရဲ့ မျက်နှာလေး🎼
နေ့တိုင်းကြားချင်တာ မင်းရဲ့ အသံလေး.. ဟန်နေ...အိုး.. 🎼
ဟန်နေ...အတူနေရဖို့အရေးတို့ကြိုးစားနေတယ်...ကိုယ်မင်းအတွက် အမြဲတမ်း အကောင်းဆုံးဖြစ်ချင်ခဲ့ ဟန်နေ... အိုး...
ဒီအချိန်မှာ ဝေးနေရပေမယ့် စက္ကန့်တိုင်းပဲမင်းကို...ကိုယ်လေ သတိရနေတယ်...🎼 "

ပျံ့လွှင့်လာတဲ့ သီချင်းသံသဲ့သဲ့ကြောင့် ရွှန်း ခေါင်းခါယမ်းမိလိုက်၏။ကိုယ်ပိုင်သီချင်းတွေရေးပြီး သီချင်းတွေဆိုနေတဲ့ မင်းချစ်သူမောင်ဟာ ဒီသီချင်းကိုတော့ မကြာခဏဆိုနေလေ့ရှိ၏။လွမ်းလွမ်းဆွေးဆွေးဖြင့် သီဆိုနေဟန်က ခံစားချက်တနင့်တပိုးကို ထမ်းပိုးထားသူမှန်း သိသာစေ၏။

"ဟန်နေ ...ဆုံဆည်းဖို့အရေးတွေးစဥ်းစားမိလေတိုင်း... အနေဝေးမယ့်အကြောင်းဘဲ ခေါင်းထဲရောက်လာခဲ့...ဟန်နေ အိုး....အချိန်ဆိုတာ တို့မပိုင်ရပေမယ့် ခွဲရဖို့တော့ အချစ်ရယ်...ကိုယ်လေတွေးကြောက်နေတယ်...🎼🎼🎼 "

"မင်းသူတို့ကတော့ ဒီသီချင်းဘဲ "

"ငါ ကလေးသိပ်နေတာကို ရွှန်းရယ် "

ဟုတ်ပါရဲ့။မင်းချစ်သူက သူ့ studio မသွားခင် သဲတုန်ကို သိပ်သွားပေးလေ့ရှိတာ။ သဲတုန်လေးကလည်း သူ့ဒယ်ဒီ သီချင်းဆိုသိပ်မှ။ အချိန်လှမ်းကြည့်လိုက်တော့ မနည်းနောက်ကျနေပြီမို့ သူဝင်ပါမှ ရတော့မှာ ။

"သဲတုန်ရေ! ဒယ်ဒီက အလုပ်သွားရအုံးမှာ အိပ်တော့လေ"

"ခစ် ခစ် အိပ်ဖူး အိပ်ဖူး "

သူ့အမေအသံကြားတော့ တစ်ခစ်ခစ်ရယ်ကာ အသံပေးလာတဲ့ လူလည်မလေး။

"ဟာ လူလည်မလေး မအိပ်တာကို တစ်ချိန်လုံး နားထောင်နေတယ်ပေါ့ "

"ဒယ်ဒီ ဆို ဆို ကောင်း ကောင်း "

"ဟား ဒယ်ဒီဆိုတာကောင်းလို့ နားထောင်နေတယ်ပေါ့ အလည်မလေးကို ချစ်လိုက်တာ "

ဒီသားအဖနှစ်ယောက်ကြောင့် ရွှန်း ကိုယ့်နဖူးကိုယ်ရိုက်မိသွား၏။ဒီနေ့အိပ်တော့မယ် ဒီကလေးက။

"အိပ်တော့မယ် ကလေးက! သွားပါတော့ဟယ် နောက်ကျနေပြီ "

"အင်း! သဲတု​န်လေးရေ ညနေပြန်လာမှ တွေ့မယ်နော် "

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now