(34)

6.9K 505 16
                                    

စာအိတ်ပြာပြာလေးထဲက ချစ်သဝဏ်လွှာလေးအား လူကြုံနဲ့ တဆင့် မောင့်ဆီက စာလွှာပါးလိုက်တာကို သော် လက်ခံရရှိခဲ့၏။မောင့်ဆီကရနေကြ ကိုယ်သင်းရနံ့လေးနဲ့ စာရွက်လေးဟာ သော့်အတွက် ရင်ခုန်စရာ။စာမကျက်သေးဘဲ တစ်ယောက်ထဲ ဂျောင်ကပ်ပြီး ဖတ်ကြည့်မိတော့ မောင့်ရဲ့ ခပ်သော့သော့ရေးထားတဲ့ လက်ရေးတွေနဲ့ ချစ်စကားများ။

"သည်းငယ်! စာမေးပွဲပြီးတဲ့နေ့ ဘဏ်ရုံးကနေ စောင့်နေနော် အဲ့နေ့တော့ မောင် ဖေကြီးကို လာမပို့ခိုင်းတော့ဘူး မျက်နှာလေးကြည့်ချင်တာတောင် မကြည့်ရတဲ့အဖြစ်ကို မောင် ဘယ်သူ့ကို အပြစ်တင်ရမှန်းလည်း မသိတော့ဘူး မျက်နှာလေးမြင်ချင်တယ် မောင့်သော်ရယ် နေ့နေ့ညည သော့်ကိုဘဲ သတိရနေတာ စာမေးပွဲပြီးမှ အတိုးချပြီး တွေ့ရမယ်  မောင့်ကိုစိတ်မပူနဲ့နော် မောင် အကုန်လုံး ဖြေနိုင်တယ် ချစ်တယ် သည်းငယ် ပြီးတော့ လွမ်းတယ် "

"မောင်က လွမ်းတယ်တဲ့ သော်လည်း လွမ်းတာပေါ့ "

အပိုလုပ်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ချစ်သူနှစ်ယောက်အတွက်ကတော့ ဒါက အပိုကိစ္စလုံးဝကို ဟုတ်မနေ။ မောင့်စာကို ဖတ်ပြီး သော့်မှာ ငိုမိမတတ်ဘဲ။ သော်လည်း တကယ်ကြီး လွမ်းနေရတာ။စာကို အခေါက်ခေါက်အခါခါ ပြန်ဖတ်ကြည့်နေပြီးမှ စာပြန်ကျက်ဖို့ လုပ်ရ၏။မောင့်ကို ပြောဖူးတဲ့ စကားအတိုင်း မောင်လွမ်းသလို သော်လည်း လွမ်းနေမှာမို့ သော့်အလွမ်း မောင်တစ်ယောက် ခံစားသိရှိပါစေ။

"သားမောင်ရေ ဖုန်းလာနေတယ် "

"ဟုတ်ကဲ့ မေကြီး "

မောင်ရေမိုးချိုးပြီး အင်္ကျီလဲနေတုန်း အောက်ထပ်က ကြီးကြီးမေ လှမ်းအော်တာကြောင့် အပြေးအလွှား ပြေးဆင်းလာရ၏။

"ဘယ်သူလဲ ကြီးမေ "

"မသိဘူးသားလေး သားသူငယ်ချင်းလို့ ပြောတယ် "

"ဟုတ် ဟုတ် မေကြီးတို့ ပြန်မလာသေးဘူးလား "

"မလာသေးဘူး "

ကြီးကြီးမေနဲ့ အမေးအဖြေလုပ်ရင်း ဖုန်းကို သွားကိုင်ကာ ကြည့်လိုက်တော့ Oversea call မို့ မောင် စိတ်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ကိုကို့ဆီကများလား ။

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now