"ကိုးတန်း၊ဆယ်တန်း အတန်းခေါင်းဆောင်တွေ ဟောခန်းထဲ စုပါ..."
"ကိုးတန်း၊ဆယ်တန်း အတန်းခေါင်းဆောင်တွေ ဟောခန်းထဲ စုပါ..."
သော် စာကုန်းရေးနေရာမှ ဆရာမကြီးရဲ့ အသံချဲ့စက်က အသံကြောင့် ခန္ဓာကိုယ် သေချာမတ်ရင်း နားစွင့်နေလိုက်၏။
"ချမ်းမြေ့...ချမ်းမြေ့..ဟောခန်းထဲ စု ခိုင်းတာ..."
"ငါကြားတယ်..."
မိချောင်းသား ဝေဟင်က အဲ့လိုလျှာရှည်တတ်တာ...။ဟောခန်းထဲ စုခိုင်းပြီး ဘာတွေပြောကြအုံးမှန်း မသိ...။ပုဆိုးကို သေချာပြန်ဝတ်ရင်း သွားဖို့ ပြင်ရ၏။မနက်ခင်းပိုင်းရဲ့ နောက်ဆုံးအချိန်ကို အလှည့်ကျတဲ့ ဆရာမက မဝင်တာကြောင့် သူတို့ လွတ်လပ်ရေးရနေကြတာ ဖြစ်၏။သော်က တနေ့စာကို တနေ့အပြီးလုပ်၏။ကျောင်းစာကို ကျောင်းမှာ အပြီးလုပ်လေ့ရှိပြီး အားလပ်ချိန်တွေမှာ စာဘဲလုပ်နေတတ်တာ ဖြစ်၏။
"ငါ အခုသွားရင် စောနေမလား..."
"သွားလိုက်ပေါ့ ချမ်းမြေ့ရယ်...အရင်ရောက်တော့လည်း ဘာဖြစ်လဲ..."
"အေးနော်...ဆရာမလာရင် ပြောလိုက်အုံး..."
"အေး..အေး..."
အုပ်စိုးနဲ့ ဝေဟင်ကို မှာခဲ့ပြီး ဟောခန်းဘက် ခပ်သွက်သွက် ထွက်လာခဲ့လိုက်၏။သော်က ခြေလှမ်းမြန်မြန်လျှောက်တတ်ပေမယ့် ဘယ်တော့မှ ခြေသံမကြားရ။ဒါကလည်း တီတီငယ်တို့ သင်ပေးထားတာ ဖြစ်၏။သူကိုယ်တိုင်လည်း ခြေသံပြင်းပြင်း ဖိနပ်သံတဖတ်ဖတ်နဲ့ မြည်အောင်လျှောက်ရင် မုန်းကို မုန်းတာ...။ဟောခန်းထဲ ရောက်တော့ ကိုးတန်းက အတန်းခေါင်းဆောင်တွေ ရောက်နှင့်နေ၏။မကောင်းတတ်လို့ ပြုံးပြရင်း ဝင်ထိုင်မယ်အလုပ် ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အင်္ကျီ တစ်ထည်...ဘာရယ်မဟုတ် ကောက်တင်လိုက်ပါမယ်လို့ တွေးပြီး ကုန်းအကောက်....။
"အဲ့အင်္ကျီကို မထိနဲ့..."
အော်သံနဲ့အတူ လက်ထဲရောက်နေပြီ ဖြစ်တဲ့ အင်္ကျီပါ လုယူခံလိုက်ရ၏။သော့်မှာ ကိုယ်လေးတုန်တဲ့အထိ လန့်သွားတာကြောင့် မော့ကြည့်လိုက်မိတော့ မင်းချစ်သူမောင်ဆိုတဲ့အချိုးမပြေတဲ့ကောင်။ သော့်စိတ်ထဲ ဒေါသထွက်သွားပြီး ထိုအင်္ကျီကိုပါ ဆွဲဖြဲချင်စိတ်တွေ ပေါက်လာ၏။သူက သော့်မျက်နှာနားထိ ငုံ့ချလာပြီး ဒေါသထွက်နေတာကို ထိန်းထားတဲ့ အသံနဲ့ ပြောလာ၏
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)