(30)

8.6K 567 36
                                    

Camp ဝင်တဲ့အချိန်ဟာ ဆောင်းတွင်းဒီဇင်ဘာလအစမို့ ချမ်းအေးလွန်းလှ၏။ဟောခန်းထဲ ကျောင်းသားတွေ စုပြီး အိပ်ရတာမို့ သော်က ဝေနှစ်ဝေနဲ့ အတူတူအိပ်ပြီး သုံးယောက်သား နွေးနွေးထွေးထွေး။ပြဿနာက ညလယ်မှာ စတော့တာဘဲ။အားလပ်ချိန်ပေးတုန်းက မောင်နဲ့ လှေကားအကွေ့မှာ ချိန်းတွေ့နေတာကြောင့် အပေါ့မသွားဖြစ်လိုက်တာ အခုမှ သွားချင်လာ၏။

"ဝေဟင် ဝေဟင် "

"အုပ်စိုး အုပ်စိုး "

အလယ်ကနေ နှစ်ယောက်လုံးကို လှုပ်ကာနှိုးလည်း တုပ်တုပ်မျှ မလှုပ်ကြ။သော် ဘာလုပ်ရမှန်းလည်း မသိတော့။မောင်က သော်တို့နဲ့ တစ်ခြင်ထောင်အကျော်မှာ အိပ်ပြီး တစ်ခုခုဆို လာနှိုးဖို့ ပြောထားပေမယ့် ခြေထောက်နာနေတဲ့ မောင့်ကို တကူးတကသွားမနှိုးရက်။ရှူးကလည်း တော်တော့်ကို ပေါက်ချင်နေပြီ ဖြစ်၏။

"သော် ဘာဖြစ်လို့လဲ "

"ဟင် မောင် "

"ဝေနှစ်ဝေကို နှိုးနေတဲ့အသံကြားလို့ ဘာဖြစ်လို့လဲ သော်"

"ရှူးပေါက်ချင်လို့ "

ခြင်ထောင်ဘေးကို တိုးတိုးတိတ်တိတ်နဲ့  ရောက်လာတဲ့မောင်က သော်တို့ဆီက အသံကို ဘယ်လိုတောင်ကြားလည်း မပြောတတ်။ မအိပ်ဘဲနဲ့များ တစ်ချိန်လုံး နားစွင့်နေလားတောင်မသိ။လေသံတိုးတိုးဖြင့် မေးလာ၏။

"မောင် လိုက်ပေးမယ်လေ "

"ဖြစ်ပါ့မလား မောင့်ခြေထောက် "

"ဘာမှမဖြစ်တော့ပါဘူး လာ မောင်လိုက်ပေးမယ် "

"မှောင်မဲနေတာဘဲ "

"ဘာမှကြောက်စရာမရှိပါဘူး "

မောင်က ခြေသံပြင်းပြင်းဖြင့် လမ်းလျှောက်တတ်သူမို့ တစ်ခြားသူတွေ နိုးသွားမှာလည်း သော်စိုးရိမ်မိ၏။မောင်က သော့်အတွေးကို ရိပ်မိသည့်အလား ခြေသံဖွဖွလေးဖြင့် နင်းကာလျှောက်၏။မောင့်ဦးဆောင်မှုဖြင့် ဟောခန်းအပြင်ဘက်ကို ထွက်လာတော့ လျှောက်လမ်းတစ်လျောက်ကို ဝါကျင့်ကျင့်မီးလုံးတွေ ထွန်းထား၏။သင်္ချာဆရာက ဟောခန်းရဲ့ အပြင်ဘက်မှာ စောင့်အိပ်ပုံရပြီး သော်တို့ထွက်လာတာကိုတောင် သိဟန်မတူ အိပ်ပျော်လို့နေ၏။မောင်က ဓာတ်မီးတစ်ဖက် ကိုင်ထားပြီး သော့်ပုခုံးတွေကိုက တစ်ဖက်ထိန်းကာ ဖက်ထား၏။အောက်ထပ်ကို တဖြေးဖြေးဆင်းလာခဲ့ပြီး သိပ္ပံခန်း အနောက်ကို ရောက်တော့ ဆောင်းလေကြမ်းတွေက ခပ်ကြမ်းကြမ်း တိုက်ခတ်လာ၏။

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now