"နေမကောင်းရင် အိမ်မှာဘဲ နားလိုက်ပါလား သော်လေးရယ်...""ဟပ်ချိုး!! စာမေးပွဲဖြေရတော့မှာ တီငယ်ရဲ့ စာတွေ လွတ်လို့မဖြစ်ဘူး..."
"ကဲ...သော်က တော်ပြီးသားကို နားလိုက်ပါသားရယ် တော်ကြာ စာမေးပွဲရက်မှ လဲသွားအုံးမယ်..."
"သားက ကျောင်းသွားဖို့ ပြင်တောင်ပြင်ပြီးပြီကို တီငယ်ကလည်း..."
"သွား..အဝတ်အစားပြန်လဲ....ဆေးသောက်ပြီး နားလိုက်သား...တီငယ် လုပ်စရာရှိတာ လုပ်လိုက်အုံးမယ်..."
"ဟုတ် တီငယ်... အဲ့ဒါဆို....ခွင့်တိုင်ပေးအုံးနော်....ဟပ်ချိုး..."
"စိတ်ချ သော်လေး နွေးနွေးထွေးထွေး နေအုံး..."
"ဟုတ်ကဲ့ တီငယ်...ဒါနဲ့ တီကြီးကရော..."
"သော့်တီကြီးက ခြံထဲမှာ...မနက်ဖြန် ပြန်လာမှတဲ့..."
"ခြံထဲမှာမှန်းတော့ သိတယ် တီငယ်ရေ...အဲ့မှာဘဲ နေတော့မှာလားလို့..."
"အဟင်း...တီကြီးလာရင် ပြောလိုက်မယ်...အခုတော့ သွားလဲ လိုက်အုံး..."
တီငယ်က ချော့ချော့မော့မော့ ပြောနေတာမို့ သော်လည်း အထွန့်မတက်ချင်တော့။ကျောင်းသွားဖို့ အဆင်သင့်လုပ်ပြီးမှ တီငယ်က ကိုယ်တွေပူနေမှန်း သိသွားတာကြောင့် ကျောင်းမသွားဖို့ တားနေတာ ဖြစ်၏။သော်လည်း အခန်းထဲ ပြန်ဝင်ပြီး သက်တောင့်သက်သာဖြစ်မယ့် အိမ်နေရင်းအဝတ်အစား ဖြစ်တဲ့ လက်ရှည်နဲ့ ဘောင်းဘီရှည်ကို လဲဝတ်လိုက်၏။စာကြည့်စားပွဲမှာ ထိုင်ရင်း အရုပ်လေးပိုက်ကာ စားပွဲပေါ်က မိသားစု ဓာတ်ပုံလေးကို အကြည့်ရောက်၏။ဖေဖေ၊မေမေတို့နဲ့ ဖုန်းမပြောဖြစ်တာ ကြာပြီ...မေမေတို့က အိမ်ဖုန်းကို နှစ်ပတ်တစ်ခါလောက် ဖုန်းဆက်ပေမယ့် သော်က အိမ်မှာ မရှိတာကြောင့် စကားမပြောရတာ ကြာပြီဖြစ်၏။အတူနေရတဲ့အချိန် နည်းခဲ့တော့ တီငယ်တို့ လိုလေသေးမရှိ ထားပေမယ့် တစ်ခါတစ်ရံ ကိုယ့်မိဘရင်ခွင်ကို ပိုပြီးတမ်းတမိတတ်သေး၏။ဖုန်းပြောလို့ရအောင် တီငယ့်ကို ဘော်ဒါက ဖုန်းနံပါတ်ကို ပေးခိုင်းထားအုံးမှဘဲ...။ဟိုကြည့်ဒီကြည့်ဖြင့် အခန်းထောင့်မှာ ထောင်ထားတဲ့ ထီးကို အကြည့်ရောက်ပြီး သက်ပြင်းချလိုက်မိ၏။သူ သေချာပေါက် ပြန်ပေးမယ်လို့ တွေးထားတာကို...။ကျောင်းလာစရာ ထီးတော့ရှိမှာပါ...သူကပိုမိုးမိတာကို သော်တောင် ဖျားတာ သူရော ဖျားနေမလား မသိ။
YOU ARE READING
ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)