Thingyan Extra

7.4K 435 19
                                    

"အတက်နေ့ညကျရင် Dinner အတူတူစားကြမယ်နော် ကိုမောင် "

မောင့်ဖုန်းထဲက message တစ်ချို့ကို ကြည့်ပြီး သော် အံကြိတ်လိုက်မိသည်။ မောင်ဘက်က စာတစ်စောင်မှ မပြန်ထားသော်ငြားလည်း ထိုအမျိုးသမီးနှင့် ကိစ္စတစ်ချို့ အတူတူလုပ်ခဲ့ပုံပါဘဲ။ထိုအမျိုးသမီးပို့ထားတဲ့ စာတွေကို ဖတ်ကြည့်ခြင်းဖြင့် ဘာတွေလုပ်ခဲ့ကြသလဲဆိုတာ ပြေးကြည့်နေစရာမလို။

"သည်းငယ်! "

"ဟင် မောင် "

"နေမကောင်းဘူးလား မောင့်သော် မှန်း! "

ပြောပြောဆိုဆိုနဲ့ မောင်က သော့်နဖူးပြင်ထက် လက်ဖဝါးတွေနဲ့ လာစမ်း၏။

"ကိုယ်တော့မပူဘူး နေပူမိထားလို့ ထင်တယ် "

"သော့်မျက်နှာ ဘယ်လိုဖြစ်နေလို့လဲ "

"မျက်နှာလေး အရောင်မတောက်ဘူး သည်းငယ်ရဲ့ ပင်ပန်းနေတဲ့ပုံစံလေး ပေါက်နေတာ "

"မောင်က သီချင်းသွားဆိုရမှာမှတ်လား "

"အင်းလေ မောင်အလှည့်က ညကျမှ "

"သော် လိုက်ချင်တယ် "

"သော် နေကောင်းရင်တော့ မောင်ခေါ်သွားမယ် နေမကောင်းရင်တော့ မရဘူးနော် သည်းငယ် "

မောင်က စဥ်းစားဟန်ပြုကာ ဆက်ပြောသည်။ သော်က သင်္ကြန်ရက်တွေ အိမ်တွင်းအောင်းပြီး နှစ်ဆန်းတစ်ရက်နေ့ကျမှ သူငယ်ချင်းတွေနဲ့ ရေတံခွန်သွားကြဖို့ ချိန်းထားကြတာ ဖြစ်သည်။ တစ်ခုခုဆိုရင် စိတ်ထဲအကြာကြီး ထားလေ့မရှိတဲ့ သူမို့ သော့်မှာ မနေနိုင်။ ပါးစပ်လေးတပြင်ပြင် သက်ပြင်းလေး တစ်ချချဖြစ်လာကာ နေလို့ထိုင်လို့ မထိတော့။ မောင့်ကို ထုတ်မေးလိုက်ရင်လည်း မောင့်သိက္ခာကို ထိပါးရာကျသွားမှာလည်း စိုး၏။

"မောင့်ကို ပြောစရာရှိနေတယ် မှတ်လား သည်းငယ် "

သော့်အကြောင်းကို နောကျေနေတဲ့ မောင်ကဘဲ သူ့ပေါင်ပေါ် ဆွဲချကာ ကိုယ်လုံးလေးကို ဖက်ထားပြီး ပြောလာသည်။

"မောင် "

"ဗျာ "

"ကလေးလိုချင်လား ဟင် "

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now