စာမြည်း 1

12K 109 2
                                    

🐰ချစ်ခြင်းရဲ့ အလွန် 🐰

စာမြည်း🍓

" နေချို ဟျောင့် မင်း ရပ်လိုက် "

ပြသနာ ဖြစ်ဖို့ စိတ်မဝင်စားလို့ လက်ထဲမှာ ရှိနေတဲ့ တုတ်ကို ခြံတစ်ခြံ ထဲ ပစ်လိုက်သည်။နောက်က ကောင်တွေ ထဲက တစ်ကောင်ကောင်တော့ သူ့လက်သီးကို မြည်းကြည့်ချင်နေပြီထင်တယ်။

" နေချို ဂန်ဒူး လား ကြောက်လို့ ထွက်ပြေးသွားတာလား"

တေးသွား လေး ရဲ့ ကျူ ရှင်အိမ်နားရောက်လာပြီမို့
ဒီအရှုပ်ထုတ်တွေကို ဖြစ်တဲ့ နည်းနဲ့ ရှင်းရတော့မယ်။

" မင်းတို့ ဒိုးလိုက်တော့ "

" ရင့်လှချည်လား ကွ မသွားတော့ ဘာလုပ်ချင်လဲ"

ပုခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်ကို သူနောက်ပြန်
လိမ်ချိုးလိုက်တော့ ပါလာတဲ့ အပေါင်းအပါတွေက နောက်ကိုပင် တစ်ချက်လှည့်မကြည့်ရဲ ဖနောင့်နဲ့ တင်ပါးတစ်သားတည်းဖြစ်အောင်ပြေးကြတော့သည်။

" အ အစ်ကိုကြီး နေချို ကျွန်တော် တောင်းပန်ပါတယ်
လွှတ်ပေးပါ "

" မင်း စောက်သံက ခုနက အဲ့လို မဟုတ်ပါဘူး စောက်ချိုးပြောင်း တာ ကလဲမြန်ချက် ပဲ ဂျပန်က ကျည်ဆံရထားတောင် မင်းကို လိုက်မှီမှာ မဟုတ်ဘူး "

" ကျွန်တော် တောင်းပန်ပါတယ် "

" သွားတော့ နောက်တစ် ခါ ဒီလို စောက်ချိုး မျိုး လာမချိုးနဲ့ "

" ...."

နေချို လွှတ်ပေးလိုက်တာနဲ့ သူ့လူတွေကို လိုက်မရှာအား
တစ်ချိုးထဲ ပြေးတော့သည်။

" ဟာ တေးသွားလေး ကျစ် နောက်ကျကုန်ပြီ "

သူ့လက်က နာရီလေးကို တစ်လှည့်ကြည့်ရင်း ​ခြေလှမ်းတွေ ကို ခပ်သွက်သွက် လျှောက်လာခဲ့၏။တေးသွားလေးက ဒီအချိန်ဆို သူ့ကို စောင့်နေလောက်ပြီ။

" ဟူး "

ဆရာမ ရဲ့ခြံထဲကခရေပင်အောက်မှာ ဆံပင်ရှည်လေးတွေကို လက်တစ်ဖက်နဲ့ သပ်တင်ပြီး တေးသွားလေးက
ခရေပန်းတွေကောက်နေသည်။နေချို ပြုံးလိုက်ရင်း

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now