အပိုင်း18

913 23 0
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

[အပိုင်း၁၈🌻]

.

မနက်နိုးလာတဲ့ အထိ တေးသွား စိတ်တွေက မကြည်လင်နိုင်သေးပါ။ ကိုကို့ ကိုစောင့်ရတာ ကို တေးသွားစိတ်ကုန်လာသည်တော့မဟုတ်။

တေးသွားမှာ တော့ ကိုကိုနဲ့ လက်ထပ်ရတော့မယ်ဆိုပြီး အပျော်ကြီး ပျော်ကာရက်ကိုတောင်ရှေ့တိုး လိုက် ချင်နေသည့် အချိန်မှာမှ
ကိုကို က တစ်ပတ်ကြီးများတောင် နောက်ဆုတ်ပေးဖို့ တောင်းဆိုလာသည်လေ။

မေမေ့ ကို ဒီအကြောင်းတွေပြောလိုက်ရင် စိတ်ပြောင်းပြီး ကိုကိုနဲ့ တေးသွား ကိုသဘောမတူတော့မှာ စိုးရိမ်ရပါသည်။
ဒါတွေကို ကိုကို တွေး မိပါ့မလား ဆိုတာ တေးသွား မသိ။

တေးသွား မျက်နှာ သစ်ကာ အိမ်အောက်ထပ်ကို ဆင်းလာတော့ မေမေက မီးဖိုခန်းထဲမှာ ကြီးစိုး နဲ့အလုပ်ရှုပ်နေသည်။ မေမေကတော့ ကိုကို တေးသွားကို ဒီနေ့လာတောင်းမည်အထင်နှင့် ကြိုးစား ပန်းစား ဟင်းတွေ ချက်နေပုံပါပဲ။

" မေမေ "

တေးသွားမီး ဖိုခန်း ဝမှာ ရပ်ပြီး ခေါ်လိုက်တော့ မေမေက ဟင်းအိုးမွှေလက်စ ဇွန်းကြီး ကို ကိုင်ကာ တေးသွားကို ဘာလဲ ဆိုသည့် သဘောမျိုးဖြင့်ကြည့်နေသည်။

" ကိုကို က နောက်တစ်ပတ်နေမှ တေးသွားကို လာတောင်းမယ်လို့​ မနေ့က ဖုန်းဆက်တယ်မေမေ။ "

" ...."

" ကိုကို့မှာ အရေးကြီး ကိစ္စ ရှိလို့ ပါ မေမေ ရယ်ကိုကို့ကို နားလည်ပေးပါနော်။ "

" ငါက ဘာပြောနေလို့ လဲ အေ
ညည်း အကောင်က အလုပ်ကြီး အကိုင်ကြီး လုပ်နေတဲ့သူဆိုတော့ ဘယ်အားပါ့မလဲ ငါနားလည်ပါတယ်။ "

မေမေက နားလည်ပေးတယ်ဆိုတော့ တော်ပါသေးသည်။ မေမေ သာဒေါသဖြစ်ပြီး ကိုကို နဲ့တေးသွားကို ခွဲလိုက်ရင် တေးသွား တို့ ပဲဝေးရမှာ။ ဒါကို ကိုကို စုတ်က တွေးမိပုံမပေါ်။

.

နေချို့ ကို တစ်ယောက်ထဲလာခဲ့ဖို့ ပြောထားတာကြောင့် စာရွက်စာတမ်းတစ်ချို့နဲ့ပိုက်ဆံတစ်ချို့ကို ယူကာ မနက် ၄နာရီလောက်ထဲက ပြင်ဉီးလွင် ကို အမြန်ဆုံးရောက်အောင် ကားမောင်းလာခဲ့သည်။ပြင်ဉီးလွင်ရောက်တော့ မနက်၈နာရီ ။မနက်စာ တောင် မစားနိုင်ဘဲ ရောက်ရောက်ချင်းသူတို့ ချိန်းတဲ့ နေ ရာ ကို နေချို ထွက်လာခဲ့တာ။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now