အပိုင်း28

1.1K 35 0
                                    

🐰ချစ်ခြင်းရဲ့အလွန်🐰

        [အပိုင်း ၂၈ 🌻]

.

ဆရာဝန်တွေ ကစိတ်ချရပြီ ဖြစ်ကြောင်းပြောကာ ထွက်သွားကြပြီ။

တေးသွား ကိုကို့ ဘေးက လူနာစောင့်ခုံလေးမှာ ဝင်ထိုင်လိုက်ပြီး လက်လေးကို လဲ ခပ်ဖွဖွ အုပ်ကိုင်လိုက်မိသည်။

မျက်ဝန်းလဲ့လဲ့ လေးတွေ နဲ့ပြန်ကြည့်လာတော့
ပါးလေးကို နမ်းပေးလိုက်သည်။
အခန်းသီးသန့်ငှား ထားတာ မို့ဘေးဘီကို လဲစိတ်ပူစရာမလိုပါ။

" ကိုကို ...ဘာ စားချင်လဲ "

ခေါင်းခါ ရင်းပြုံး ချည်းသာ ပြုံးပြနေတော့
ကိုယ့် ကိုယ်ကို ငုံ့ ကြည့်ကာ ဘာများလွဲနေလဲ အဖြေရှာနေမိသည်။

" ကိုကို တို့ ခုချက်ချင်းလက်ထပ်ရအောင်"

" မဖြစ်ဘူးလေ ကိုကို ..ကိုကို က ခုထိ ကျန်းမာရေး ကောင်းသေးတာမှမဟုတ်တာ ...
တေးသွားက လက်မထပ်ချင်လို့ပြောတာ မဟုတ်ဘူးနော် ကိုကို ...ကိုကို့ ကျန်းမာရေးကို ထိခိုက်မှာ စိုး လို့ "

" ခု တော့ လက်မှတ်ထိုးတာ လောက်ပဲ လုပ်ထားမယ်လေ ...ကိုကို လုံးဝ အရှင်းကောင်းသွားမှ ပဲ ပွဲလေးဘာလေး လုပ်တာပေါ့ ...
ဒီလို ကိစ္စတွေ ဖြစ်ပြီးတော့မှ ကိုကို တေးသွားလေး ကို ဆုံးရှုံးရမှာ ကြောက်လာတယ်...
တေးသွားလေးကို အချိန်တိုင်း စက္ကန့်တိုင်းကိုကို့ အနားမှာ ရှိစေချင်တယ်...ကိုကို တို့ လက်ထပ်ရအောင်"

" ကိုကို့ သဘောပါ ဒါပင်မယ့် စာချုပ်စာတမ်းတွေ က ဘယ်လိုလုပ်မှာလဲ မေမေ့ကို တော့ တေးသွား ပြီးမှ ပြောလိုက်ပါ့မယ် အလောတကြီး လုပ်လိုက်တာ ကိုမေမေသိရင် တေးသွား ကို ဆူမှာ စိုးလို့ပါ။ "

" ကိုကို...စိုင်းရန်ကို စာချုပ်တွေ စီစဉ်ပြီး ခုချက်ချင်း လာခိုင်းလိုက်မယ် "

တားချိန်တောင် မရလိုက်ဘဲ သူ့ဘေးက ဖုန်းကိုယူပြီး စိုင်းရန် ကိုဖုန်းခေါ်နေတဲ့ ကိုကို ။
ကိုကို လဲ တေးသွား မက်တဲ့ အိပ်မက်ကို မက်ခဲ့တယ်ထင်သည်။
ဒါကြောင့်လဲ ခုလိုဖြစ်နေတာပေါ့။

.

ညနေရောက်တော့ ရှေ့နေလို့ ထင်ရတဲ့ လူတစ်ယောက်နဲ့ အတူ စိုင်းရန်ဆိုသူပါ ရောက်လာသည်။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now