အပိုင်း14

1.2K 33 0
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

       [အပိုင်း ၁၄❣️]

" ဒီမှာ ရှင်ဘယ်သူလဲ ဘယ်သူမို့လို့ကျွန်မကို
ကားတင် ပြေးလာတာလဲ ။"

" တိတ်တိတ်လေး ပါးစပ်ပိတ်ပြီး လိုက်ခဲ့။ "

" ဒီမှာ ရှင့် ကျွန်မ ကို ဘာသဘောနဲ့ ဒီလိုလုပ်တာမှန်းတော့ကျွန်မ မသိဘူး ဒါပင်မယ့်  ရှင့်အပေါ်ကျွန်မ ဘာအမှားမှ မလုပ်ဖူးဘူး ထင်တာပဲ။ "

" တရားခံက မင်းမဟုတ်ပါဘူး ။ နေခြည်ချိုသွေးကိုမင်း သိလား။ "

ကိုကို့ နာမည် ပါလာနာတာကြောင့် တေးသွား
အထိတ်တလန့်ဖြစ်သွားရတာသည်။

ဘုရား။ဘုရား ။ကိုကို တစ်ခုခုများဖြစ်လို့လား။

" ကိုကို ဘာဖြစ်လို့လဲ ။ ကိုကို့ကို ရှင် ဘာလုပ််ထားတာ လဲ ။ခုကိုကို ဘယ်မှာလဲ။ ကိုကို့ ကို ဒုက္ခပေးရင် ကျွန်မရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူးနော်။ "

" ဟွန့် ...စွာလိုက်တာ..ချစ်စရာလေးဗျာ။ "

ရယ် သံစွက်ကာ ပြောလိုက်တဲ့စကားက တေးသွားကို စိတ်ကို  လာဆွလိုက်သလိုပါပဲ။

" ရှင်  ရှင် တဏှာရူးကောင် ...။"

" ဟိုး ဟိုး ကိုက တဏှာ မရူးပါဘူး ။
ok လေ ကိုတို့ ဂိမ်းတစ်ခုလောက် ကစားရအောင်။ "

" ကျွန်မ မှာအဲ့လောက် အချိန်ပေါ မနေဘူး။ "

" ဒီဂိမ်းဆော့ ပြီးတာနဲ့ မင်းကို အိမ်ပြန်ပို့ပေးမယ်။ "

" ပြီးရော လေ ရှင့်ကတိရှင်တည်ပါစေ။ "

" Ok "

တေးသွား အိမ်ပြန်ချင်လို့ လွယ်လွယ်ကူကူ ကတိပေးလိုက် ရပင်မယ့် ဘာဂိမ်းမှန်းမသိတော့ ရင်ခုန်ရပါသည်။တော်ကြာ squid game ထဲကလို လူသတ်တဲ့ ဂိမ်းကြီးဖြစ်နေရင်ဒုက္ခ။
ကိုယ့်ကိုယ်ကို အစိုးရိမ်လွန်နေပြီလို့ နှစ်သိမ့်ပေးနေပင်မယ့် တစ်ကယ်တမ်းတော့ ရင်တွေခုန်ပြီးကြောက်နေခဲ့တာ။

.❣️

မျက်လုံးကို အဝတ် စနဲ့ စည်းထားတော့ ဘာကိုမှမြင်ခွင့်မရ။အမှောင်ထုက သာ ကြီးစိုးနေတော့သည် ။ လေတဖြူးဖြူး တိုက်သံ သစ်ရွက် ကြွေ သံတို့မှ လွဲ၍ တခြား ဘာမှ မကြားရအောင် တိတ်ဆိတ်လွန်းနေခဲ့သည်။
ဒယီးဒယိုင် ဖြစ်နေတဲ့ တေးသွားကို ထိုသူကကိုင်ထားသည်။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now