2.6K 70 12
                                    

ချစ်ခြင်းရဲ့အလွန်

အပိုင်း၅

ဘာလိုလိုနဲ့ ဆယ်တန်း စာမေးပွဲကြီးပင်ဖြေရတော့မည်။
အချိန်တွေကုန်တာက လိုက်မမှီနိုင်လောက်အောင်မြန်လွန်းလှပါတယ်။

" ကိုကို ဘာတွေလုပ်နေပြီလဲ။ "

ကိုကို ထွက်သွားတာ ခုဆို ၃လပြည့်ပြီ။တေးသွားကိုကို့ကိုတစ်နေ့မှ မေ့မရသလို အမြဲလဲသတိရနေခဲ့သည်။
ကိုကို ထွက်သွားပြီးတော့ကြီးမေ ကို လဲလူတစ်ချို့လာခေါ်သွားတာ ကြောင့်ကိုကို့အကြောင်းဘာမှမကြားရတော့။

" ဟလို ။ "

" တေးလား ငါရှိုင်းဝေ ။ "

" အင်း ဘာဖြစ်လို့လဲ ရှိုင်းဝေ ။ "

" ငါ သခ်ျာတစ်ပုဒ်နားမရှင်းလို့ အား ရင်နင်ခဏထွက်လာခဲ့ပါလား။ "

ရှိုင်းဝေဆိုတာ ကိုကိုသွားပြီးမှရတဲ့ တေးသွားရဲ့ ပထမဆုံးယောက်ျားလေးသူငယ်ချင်းဖြစ်သည်။
ရှိုင်းဝေနဲ့ အပေါင်းအသင်းလုပ်တာကို မေမေ ကသဘောကျသည်။ရှိုင်းဝေကို မကြာခဏ အိမ်ခေါ်ပြီးမုန့်တွေ တောင်လုပ်ကြွေးတတ်သည်။
နောက်မှ တေးသွားသိလိုက်ရတာက ရှိုင်းဝေဟာ မေမေ့ ငယ်သူငယ်ချင်းရဲ့သား ဆိုတာပါပဲ။

...

" အဲ့ ဒါ မှားနေတယ် ။ "

" ဟာ ငရှိုင်း ဘယ်မှာ မှားလို့ လဲ။ "

" မရစ်နဲ့ တေးတေး ရယ် ဒီမှာကြည့်လေ နင်မြှောက်ထားတာတွေ အားလုံးမှားနေတယ်။ "

" အေး ဟုတ်သား ။ "

ရှိုင်းဝေ စာအုပ်နဲ့သေချာတိုက်စစ်မှ တေးသွားကလက်ခံသည်။

" မနက်ဖြန်ဖြေရမှာနော် ကောင်မလေး ဂရုစိုက်။ "

" အေး ။ "

" ကဲသားနဲ့သမီး ပင်ပန်းကြရောပေါ့ လက်ဖက်သုပ်လေးဘာလေးစားကြဉီး။ "

ဒေါ်စိန်ခြယ်လာချပေးသော လက်ဖက်သုပ်ကို တေးသွားကဉီးအောင်ခပ်စားသည်။ဒါကို ရှိုင်းဝေက မကျေနပ်။ပန်းကန်ကို တစ်ယောက်တစ်ဖက်စီဆွဲနေတာလက်ဖက်သားတွေပင်မှိတ်ကုန်ပြီ။

" ဟဲ့ ငါ့မေမေ သုပ်ပေးတာ ။ "

" နင့်မေမေဟုတ်လား အဲ့ဒါငါ့မေမေ။"

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now