အပိုင်း23

818 18 0
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

            [အပိုင်း  ၂၃ 🌻]

" ဟလို ...ကိုကို "

" ကလေး ခုထိ မအိပ်သေးဘူးလား "

" အိပ်မပျော်လို့  ကိုကို "

" မကြာခင် အိမ်ထောင် ရှင်မကြီး ဖြစ်တော့မှာဆိုတော့ ရင်ခုန်ပြီး အိပ်မပျော်တာထင်တယ်"

" ကိုကိုနဲ့ အတူနေရမယ် ဆိုတာ တေးသွားအတွက်အတွေးနဲ့ တင်ပျော်ရပါတယ် ကိုကို ရယ်"

" ကိုကို့ ကို အဲ့လောက်တောင် ချစ်တာလား"

" အချစ်ကို ဘာမှ မသိတဲ့ လူကို ချစ်တတ်အောင်သင်ပေးခဲ့ ပြီးမှ... ခု စွဲလန်းမိသွားတော့အပြစ်မတင်ပါနဲ့ "

" ကိုကို က အပြစ် မတင်ပါဘူးဗျာ ...ကိုကို ကပိုပြီး ချစ်ပေးချင်တာ ပါ "

" ဘယ်သူက ပိုချစ် ပိုချစ် အဓိက က နှစ်ယောက်စလုံး ချစ်နေကြဖို့ပဲ အရေးကြီးတာလေ။"

အတတ်မ လေး နဲ့ စကားပြိုင်လု နေလို့ အနိုင်ရမှာမဟုတ်တော့ နေချိုကပဲ အလျှော့ပေးလိုက်ရသည်။

မကြာခင် တစ်ကုတင် ထဲအိပ်ကျတော့မယ် သူတွေပင်မယ့် စကားတွေ က ပြောမကုန်အောင်ဖြစ်နေတာ ။

တစ်ယောက်နဲ့တစ်ယောက် ချစ်တာထက် ပိုတဲ့ အခါ ချစ်ခြင်းရဲ့ အလွန်ကို ရောက်သွားတဲ့ အခါ အချစ်ထက်သာ တဲ့တစ်ခြားသော အရာလေးတွေက လဲ ကြိုနေဉီးမှာပါ။

.

" တေးသွား ..နင်လက်ထပ်တော့မယ်ဆို "

" ဟုတ်တယ် မေ.ငါနင့်ကို ပြီးတော့မှလှမ်းဖိတ်မလို့ပါပဲ"

" သူငယ်ချင်း အရင်းကြီး ဖြစ်တဲ့ ငါတောင်နင့်မှာ ချစ်သူရသွားတာ မသိရပါလား။"

"ကိုကို နဲ့ငါနဲ့က တွဲနေတာ ကြာပြီ...ရှိူင်းဝေတောင်သိတယ် .."

" အော် နင်တို့နှစ်ယောက်က ငါ့ကို ပယ်ထားကြတာပေါ့ "

" အဲ့လိုလဲမဟုတ်ပါဘူး ဟယ် ..စကားမစပ်မိလို့မပြောဖြစ်တာပါ ..စိတ်မကောက်နဲ့နော် ငါက နင့်ကို အချစ်ဆုံး "

" စောက်သေနာမ ...ဟိုစောက်ကောင် လဲတူတူပဲ"

" အမယ်လေး ဆရာမလေး ကလေး စိတ်ကြီးပဲ ငါ့ကလေးတွေကို နင့်ဆီမှာ လာထားရမှာတောင်ကြောက်နေပြီ"

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Donde viven las historias. Descúbrelo ahora