4

1.8K 56 2
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

part 4🐰

" ကိုကို သဘက်ခါသွားတော့မှာ ကလေး "

တေးသွား မျက်နှာလေး ညှိုးသွားသည်။ကိုကို က တေးသွား လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင် ရင်း

" ၂လ ၃လ လောက်တော့ ကြာမယ် "

" မသွားလို့မရဘူးလား ကိုကို "

မျက်ရည် ဝိုင်းလည်နေတဲ့ မျက်ဝန်းလေးတွေကို မသိကျိုးနွံမပြုဖို့ မတတ်နိုင်။ကျလုဆဲဆဲ မျက်ရည်လေးတွေကို လက်မနဲ့ ခပ်ဖွဖွ ဖိသုပ်ပေးလိုက်ပြီး

" ကိုကို့ ကိုစောင့်နေပါကလေးရယ် ကိုကိုပြန်ရောက်ရင်ကလေးလဲ စာမေးပွဲပြီးပြီမလား အဲ့အချိန်ကျရင် ကိုကိုတို့ လက်ထပ်ကြတာပေါ့ "

" တစ်ကယ်လား ကိုကို "

ကိုကိုက သွားစွယ်လေးတွေပေါ်အောင်ရယ်ပြပြီးခေါင်းလေးငြိမ့်သည်။
တေးသွား ကိုကို့ ခါးလေးကို ဖက်တွယ်လိုက်ပြီး ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်မိသည်။
ကိုကို့ရင်ခွင်ကသာ တေးသွားအတွက်အလုံခြုံဆုံးနေရာဖြစ်ပါလိမ့်မည်။

❁❁❁❁❁❁❁❁❁❁❁❁❁❁❁

ဒီနေ့ တေးသွားဖေဖေရဲ့ ၅နှစ်ပြည့် အလှူမို့ မေမေနဲ့ အတူ ဘုန်းကြီးကျောင်းရောက်ခဲ့သည်။
ဘုန်းဘုန်းကို ဆွမ်းကပ်ပြီး ပြန်ဖို့ပြင်ချိန် မထင်မှတ်ထားတာတစ်ခုတွေ့ လိုက်ရသည်။
အဲ့ဒါက ကိုကို နဲ့ ကြီးမေ။

" မမစိန် တို့ ဘာလာလုပ်ကြတုန်း "

ကြီးမေ မျက်နှာလေးက ပြုံးရွှင်နေသည်။မေမေက ကိုကို့ ကိုကြည့်မရပင်မယ့် ကြီးမေကိုတော့ ဆွေမျိုးရင်းရှာတစ်ယောက်လို ချစ်ရှာပါသည်။

" ညည်း အစ်ကို ၅နှစ်ပြည့် အလှူ လုပ်တာ လေ ဒါနဲ့ ဆွေဆွေတို့ကရော "

" သားနေချို ရဲ့ မေမေ ဆုံးတာ ဒီနေ့ဆို အနှစ်၂၀ ရှိပြီလေ မမစိန် "

" အော် "

ဒေါ် စိန်ခြယ် ရဲ့ အကြည့်က ဒေါ်ဆွေဆွေ ဘေးမှာရပ်နေတဲ့ နေခြည်ချိုသွေးဆီရောက်သွားသည်။ဘုန်းကြီးကျောင်းလာတာတောင် အချိုးမပြေတဲ့ ရုပ်နဲ့။
ရုပ်ခံလေးက ချောပါတယ် ဒါပင်မယ့် အကျင့်ကို ကဂျစ်ကန်ကန်နဲ့မို့ ဒေါ်စိန်ခြယ်သဘောမတွေ့။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now