အပိုင်း27

1.1K 29 0
                                    

🐰ချစ်ခြင်းရဲ့အလွန်🐰

[အပိုင်း၂၇🌻]

#ချစ်ခြင်းရဲ့အလွန်

ကိုကို့ မျက်နှာ လေးကို ထိတွေ့ရင်း အနွေးဓာတ်ကို ခံစားနေမိသည်။
ကိုကို သာ မရှိတော့ ရင်တေးသွား ဘယ်လိုအသက်ဆက်ရှင်ရမှာလဲ။

" အ. ..ဟား ဟား နေချိုသေပြီပေါ့ "

ရုတ်တရက် ထရပ်လိုက်တဲ့ မင်းသိုက်ကြောင့် တေးသွား ကိုကို့ ဖက်ကာ ကာထားလိုက်မိသည်။
ကိုကို့ ကို နောက်ထပ် ထိခိုက်အောင်လုပ်ခွင့်မပေးနိုင်ဘူး။

" မကြောက်ပါနဲ့....ကိုကို မရှိတော့လဲ ကိုကြီး ရှိသေးသားပဲ "

"ရှင်ရှေ့တိုးမလာနဲ့နော်...ကိုကို့ ကို ထိခိုက်အောင် ထပ်လုပ်ရင် ကျွန်မလဲ ရှင့်ကို သတ်ပစ်မှာ "

စူးစူးရဲရဲကြည့်ပြီးပြောလိုက်တော့ ဟန်ပါပါပြုံးရင်းအနားရောက်လာပြီ။

" မင်း ကသိပ်လှတာပဲ "

မှေးစေ့ကို ကိုင်ပြီး ပြောလိုက်တော့ အံကိုကြိတ်ကာ ပြန်မော့ကြည့်မိသည်။
ဒီလူက မျက်နှာပြောင်တိုက်လွန်းတယ်။

ဘုရား ကယ်ပါ။အရှင်ဘုရား တပည့်တော်ကို ကယ်ပါ ။

" လက်မြှောက်လိုက်တော့"

တေးသွား စိတ်ထဲက လေးလေးနက်နက် အာရုံပြုကာ ဆုတောင်းလိုက်ချိန် ကြားလိုက်ရတဲ့ အသံကြောင့် အသံရှင်ကို မျှော်လင့်ချက်ကြီးစွာ ကြည့်မိတော့ ရဲဝတ်ဆုံနဲ့ရဲသားတွေ။
သူတို့နဲ့ တူတူပါလာတာက ရှိုင်းဝေ ။

မင်းသိုက်နဲ့အပေါင်းအပါတွေကို ရဲတွေကဖမ်းသွားကြပြီ။
ရှိုင်းဝေကတော့ တေးသွား အနားကိုရောက်လာပြီး

" တေးတေး ဘာမှ မဖြစ်ဘူးမလား"

" ကိုကို အင့် ကိုကို့ကယ်ပါဉီးရှိုင်းဝေရယ် ကိုကိုသေတော့မယ် အင့် ကိုကို့ကို ကယ်ပါဉီး "

ရှိုင်းဝေက တေးသွား ရင်ခွင်ထဲမှာ ရှိနေတဲ့ကိုကို့ ကိုဆွဲထုတ်လိုက်ပြီး တွဲခေါ်သွားသည်။

ရှိုင်းဝေ ကနောက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေကာ တေးသွား အဆင်ပြေရဲ့လားကြည့်နေပင်မယ့် ကိုကို့ ကိုသာ ကြည့်နေမိသည်။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now