အပိုင်း10🌷

1.4K 28 2
                                    

🐰ချစ်ခြင်းရဲ့အလွန်🐰

    အပိုင်း10🌷
   
ငါးနှစ်ဆိုတော့ အချိန်ကာလပြည့်ဖို့ ဘယ်လောက်မှ မလိုတော့ပါ။တေးသွားလဲ မကြာခင် ဘွဲ့ယူရတော့မည်။ကိုကိုက ပြန်လာပါ့မလား မလာပါ့မလား ဆိုတာကမသေချာ။ကိုကို ထွက်သွားထဲက တေးသွားတို့ အဆက်အသွယ်မရတော့တာ။ခုကိုကို ဘယ်ရောက်နေမှန်း တေးသွား မသိ။

အချစ်ဆိုတာ လူကို ရူးသွပ်စေတယ်။
လူကို လှည့်စားတတ်တယ်။ချစ်မိသွားရင်ချစ်တာက လွဲပြီး ဘာကိုမှမမြင်တော့ဘူး။
နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး ချစ်ရတဲ့သူက
သစ္စာဖောက်သွားရင်တော့ ဆိုနိုင်ဖွယ်ရာရှိမှာမဟုတ်တော့ပါဘူး။

" ၅နှစ်ပြည့်ဖို့ လပိုင်းပဲ လိုတော့တယ်နော်
မယ်တေးသွား"

မေမေ​ ​ရဲ့သတိပေးစကားတွေက တေးသွားကိုနာကျင်စေပါသည်။ ကိုကို နဲ့ အဆက်အသွယ်မရတာ ကို မေမေလဲ ရိပ်မိပုံပါပဲ။
မေမေက ကတိကဝတ်တွေကို သိပ်တန်ဖိုးထားတဲ့ လူတစ်ယောက်။
ကတိပေးထားပြီးရင် တည်မှ ကြိုက်တာကိုတေးသွား အသိဆုံး။ခု ကိုကိုက အဆက်အသွယ်လုံးဝ မရလေတော့ ကတိတည်မှာ လား မတည်ဘူးလား တေးသွားဘယ်လိုမှ မတွေးတတ်။

တေးနေခြည်ဆိုတဲ့ ဆိုင်လေးကို လဲ တေးသွားစုထားတဲ့ ပိုက်ဆံနဲ့ ဆောက်မှာဖြစ်ကာ တေးသွားဘွဲ့မယူခင် အပြီးဆောက်မှာဖြစ်သည်။
ပြင်ဉီးလွင်မြို့ ရဲ့ မြို့ပြင်တစ်နေရာမှာ
တေးသွားတို့ ဆိုင်လေးကို ဖွင့်မယ်လို့ ခန်မှန်းထားပါသည်။
မေမေ့ ဘက်ကတော့ ကူညီမယ်ပြောထားလို့တစ်မျိုးစိတ်အေးရပါသည်။

ကိုကို့မှာ ပိုက်ဆံရှိရှိ မရှိရှိ ငါးနှစ်ပြည့်တဲ့နေ့မှာကိုကိုတေးသွားဆီအရောက်ပြန်လာနိုင်ဖို့ပဲလိုတာပါ။တေးသွား ကငွေမမက်ပါဘူး။
ကိုကို့ရဲ့ မေတ္တာတွေကိုပဲ တောင်းတနေတာ။
ကိုကိုသာ တေးသွားနဲ့ မပေါင်းရဘဲ တစ်ခုခုဖြစ်သွားရင်တေးသွား လဲ သေသွားရမှာ။
တေးသွားသေသွားမှာကို မမြင်ချင်ရင်မြန်မြန်ပြန်လာပါကိုကိုရယ်။

.🌷🌷

ဒိုင်နီရယ် က သူ့ဒယ်ဒီကုမ္ပဏီမှာ နေချို့ကို
မန်နေဂျာ ရာထူးပေးကာ အလုပ်လုပ် ခိုင်းခဲ့တာခုဆို ၂နှစ်ပင်ပြည့်တော့မည်။
ဒိုင်နီရယ်  နေချို့ကို ဝယ်လိုက်တာ ဘာသဘောနဲ့မှန်းမသိပင််မယ့် ခုလို နေချို့ကို ကောင်းကောင်းထားတော့ နေရထိုင်ရတာ အဆင်ပြေ ပါသည်။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now