အပိုင်း22

911 26 0
                                    


🐰ချစ်ခြင်းရဲ့ အလွန်🐰

[အပိုင်း ၂၂ 🌻]

" ခု ကျွန်တော် တို့ရောက်လာတဲ့ ကိစ္စ ကတော့ ဟောဒီ့က မောင်နေချို နဲ့ အစ်မကြီး မစိန်ခြယ်ရဲ့ သမီး မဂ်လာကိစ္စ ဆွေးနွေး မယ့် ကိစ္စ ပါခင်ဗျာ ..အစ်မကြီး တို့ ဘက်က သဘောတူရင်
မောင်နေချိုဘက်က အစ်မကြီး သမီးကို ငွေသားသိန်းတစ်ထောင် နဲ့ အတူ ခန်းဝင်ပစ္စည်း အစုံ နဲ့တင်တောင်း မှာပါ။"

" ဟုတ်ကဲ့ ..ကျွန်မဘက်က လဲ သမီးလေးသဘောမို့ ငြင်းစရာ မရှိပါဘူး...သမီး သဘောတူရင် ကျွန်မလဲ သဘောတူပါတယ်။"

မဂ်လာစကား တွေ ကို ၁နာရီ လောက်ပြောပြီးနောက် တောင်းရမ်းတဲ့ ကိစ္စ ပြီးသွားကာ မဂ်လာအခမ်းအနားကို နောက်တစ်ပတ် သောကြာနေ့ အဖြစ်ရက် အတိအကျသတ်မှတ်လိုက်ကြသည်။

နေချို့ ဘက်မှာ အကြီး အကဲ အဖြစ်လိုက်မယ့်ကြီးမေ မရှိတာမို့ စိုင်းရန် အကူအညီနဲ့ ရပ်ကွက် လူကြီး တစ်ချို့ သာပါခဲ့သည်။

လက်ထပ် ခါနီး အထိ နေချို့ ဘက်မှာ လိုအပ်ချက်တွေ ပြည့်နေတော့ တေးသွားလေးကို အားနာရပါသည်။

ဒီကလေးက တော့ နေချို့ ကို အမြဲနားလည်ပြီး ခွင့်လွှတ်နေတာပါပဲ။

ကလေး လိုပြောရအောင်လဲ မငယ်တော့ ပင်မယ့် နေချို့ မျက်လုံးထဲမှာ တေးသွားက အမြဲ ကလေးလေးပါပဲ။

ဘယ်အချိန် ကြည့်ကြည့် အမြဲတမ်းဖြူစင်နေတဲ့ကလေးလေး။

.

" ကိုကို က ဘာအရောင်လေး လုပ်ချင်တာလဲ "

ဖိတ်စာသွား ရွေးတော့လဲ နှစ်ယောက်အတူ သွား ကာ စိတ်ကြိုက်ရွေးချင်တယ်ဆိုလို့ အလုပ်တွေ ဖျက်ကာ သူမ စိတ်ကြိုက်လိုက်ပေးရသည်။

ခုလဲ ငွေ ရောင် ဖိတ်စာ လေးနဲ့ မိုးပြာရောင် ဖိတ်စာလေးကို ကိုင်ကာ ပြောနေတော့
သူမကို ပြုံးပြီး ကြည့်လိုက်ရင်း အပြာရောင်လေး ဘက်ကို လက်ညှိုး ထိုးပြလိုက်မိသည်။

" ဝါး ...ကိုကို နဲ့ တေးသွား က အမြဲ အကြိုက်တူတာပဲနော် ."

ဖိတ်စာ အပြာ လေးကို ကိုင်ကာ နေချို့ ကို မျက်လုံးလေး တွေ မှိတ်သွားသည် အထိ ရယ်ကာပြောနေတဲ့ တေးသွားလေး ကို ချစ်လွန်းလို့ ရူးရပါတော့မည်။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now