အပိုင်း၈🐰

1.4K 32 2
                                    


🐰ချစ်ခြင်းရဲ့အလွန်🐰

အပိုင်း8🌼

နေချို စိတ်ဓာတ်တွေ ကျကာ ခေါင်းကြီး
ငိုက်စိုက်ကြနေချိန်တစ်ဖက်က ပြိုင်ဘက်အခြေအနေ ကဘယ်လိုနေမလဲ မသိ။
တစ်ဖက်က ပြိုင်ဖက် ကိုလဲ ဂရုမစိုက်နိုင်လောက်တဲ့ အထိ ကို့မှာ ရောက်ရက်ခတ်နေပြီလေ။

" hey နေချို့"

ပြိုင်ဘက်ဆီက နှုတ်ဆက်လိုက်တဲ့အသံ​ကအရမ်းရင်းနှီးလွန်းနေတာ ကြောင့် နေချို အံ့သြလွန်းလို့ မော့ကြည့်မိချိန် ဂျိုးဖြစ်နေသည်။

ဒါဆို နေချိုနဲ့ ပြိုင်ရမှာက နေချို့ သူငယ်ချင်းဂျိုး။တစ်နည်းအားဖြင့် နေချို့ကို သတ်ရမယ့်လူက ဂျိူး။

ဂျိူး က တစ်ချက်လေးမှ မတုန်လှုပ်ပဲ ပြုံးပြနေတော့ ဒီ အဖြစ် အပျက်ကို ကြိုတင်သိနေတာနဲ့ပင် တူသေးသည်။

ဟုတ်တယ်။ဟိုနေ့က ဒေစီပန်းလေး။ဂျိုးက အဲ့ပန်းလေးကို ဘာအကြံနဲ့ပေးခဲ့ မှန်းနေချို ခုမှ စဉ်းစားလို့ရပါသည်။

" ဒေစီတွေက နွေဉီး ကို ကိုယ်စားပြုတဲ့
ပန်းလေးတွေ
သူတို့ က ကံကောင်းခြင်းတွေကို ယူဆောင်လာလိမ့်မယ်
ငါက သေမှာ မကြောက်ဘူး
ဒါပင်မယ့် မင်းသေမှာတော့ ငါကြောက်တယ်
ငါ့ဘဝမှာ အသက်ရှင်ရမယ့် ရည်ရွယ်ချက်ဆိုတာ မရှိတော့ ပါဘူး
ဒါပင်မယ့် မင်းက ငါနဲ့မတူဘူး။"

ဂျိုးပြောခဲ့တဲ့ စကားတွေ နဲ့ အခုအဖြစ်အပျက်ကို စပ်ဆက်တွဲကြည့်ရင် ဂျိုးက ဒီကိစ္စကို ကြိုသိနေတာမှန်းသိသာပါသည်။

ပြိုင်ပွဲ အစအဖြစ် သတ်မှတ်ထားတဲ့ စည်က သုံးချက်မြည်သွားသည် အထိ နေချို ဒီတိုင်းငူငူကြီးရပ်ကာ ဂျိူးကို မျက်တောင်မခတ်ကြည့်နေမိသည်။
ဂျိူးက နေချို့ ထက်လူကောင်ကြီးပြီး အားလဲသန်ပါတယ်။
နေချို့ ကို ကောင်းကောင်း အနိုင်ယူနိုင်လောက်တဲ့ ပြိုင်ဘက် တစ်ယောက်မို့ နေချို ရှုံးမှာ သေချာနေပါသည်။

" နေချို့ ငါ့ကို သတ်လိုက်"

ဂျိုးက နေချို့ အနား ပြေးလာပြီး နေချို့ မျက်နှာကို လက်သီးနဲ့ ထိုးကာ ပြောလိုက်ချိန်နေချို့ တစ်ကိုယ်လုံး ကျက်သီး များပင်ထသွားရသည်။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]जहाँ कहानियाँ रहती हैं। अभी खोजें