2

2.2K 63 0
                                    

🐰ချစ်ခြင်းရဲ့အလွန်🐰

part 2🐰==

နေရောင်ခြည်နုနုလေးကျနေတဲ့ခရေပင်ကြီးတစ်ပင် ရဲ့အောက်မှာ မိန်းကလေးတစ်ယောက်သည်ခရေ ပန်းကုံးလေးတွေကို သီရင်း သီချင်းလေးငြီးနေလေ၏။

" တေးသွားလေး "

တေးသွား ခရေ ပင်ကြီး အောက်ကနေ ပြေး ထွက်ဖို့ ပြင်လိုက်ပင်မယ့် ကိုကို ကလက်ကို လှမ်းဆွဲထားသည်။

" ကိုကို့ ကို စိတ်ဆိုးနေတုန်းပဲလား "

" မ မဆိုးပါဘူး "

" ဒါဆို ချစ်ကြည့်ရအောင်လေ "

":တေးသွား မချစ်တတ်ဘူး "

" ဟက် ကိုကို သင်ပေးမှာ ပေါ့ကလေးရယ် အများကြီးချစ်ပေးဖို့ မလိုပါဘူး အများကြီး ချစ်ပေးဖို့က ကိုကို့ တာဝန်ထား အများကြီး အချစ်ခံ ဖို့က ကလေးလေးရဲ့တာဝန် "

တေးသွား မျက်မှောင်လေး ကြုတ်ကာကြည့်လိုက်လျှင်ကိုကို က ခါးထောက်ပြီး ငုံ့ကြည့်သည်။

" မချစ်တတ်ရင်သင်ပေးမယ်လေ "

" တေးသွား စာ ကျက်ရဉီးမယ် ကိုကို "

" ဟေ့ အကြောင်းပြချက်တွေ ပေးပြီးဝေးဝေး ပြေးသွားလဲ ကိုကိုက ကလေးအနား လိုက်ကပ်နေဉီးမှာပဲ "

" ကိုကို က တောက်တဲ့လား "

" အင်း ကလေးလေးရဲ့ ကိုယ်ပိုင်တောက်တဲ့ "

" မုန်းစရာကြီး "

" ချစ်ကြည့်လိုက်ပါ ကိုကို ချစ်ဖို့ကောင်းတာ ကလေးလေးသိသွားမယ် "

တေးသွား မျက်စောင်းလေး ထိုးလိုက်တော့ ကိုကို က ရယ်သည်။အလုပ်သွားခါနီးလာတွေ့တာထင်တယ် ကိုကို က ဝတ်စုံအပြည့်နဲ့။

" သွားပြီ နော် တေးသွားလေး ကိုကို ဒီတစ်ခေါက်ကြာမှာ"

" ဟင် "

ကြာမှာတဲ့ ဘယ်လောက်တောင်ကြာမှာလဲ ကိုကို ရယ်။

" ဘယ် ဘယ်လောက် ကြာမှာ လဲဟင် "

" ကိုကို လဲ မသိဘူး လေ boss နေခိုင်းသလောက်နေရမှာပဲ "

" သိပ်မကြာ လောက်ပါဘူးနော် "

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now