အပိုင်း19

964 21 0
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

            [အပိုင်း၁၉🌻]

ကိုယ်တိုင် ကတိပေးဖို့ တွန့်ဆုတ်နေသူပီပီ
နေချို  စတွေး မြို့ ချလိုက်မိသည်။
ဘဝမှာ ရွေးခြယ်စရာ နှစ်ခု ကြုံ လာတိုင်း
ကို့ အတွက် ဘာကိုရွေးရမှန်းမသိလို့ စိတ်ညစ်ရပါသည်။

" ကိုကို ..တေးသွား ကိုပြန်ဖြေဉီးလေ။"

မျက်ဝန်းဝိုင်းဝိုင်းလေး ထဲမှာ မျက်ရည်စလေးတွေ ပြည့်လျှံလာတော့  ရင်မှာ  မခံနိုင်လောက်အောင် နာကျင်ရပါသည်။

" ကိုကို ကတိပေးပါတယ် ။ "

သူမ  မျက်ရည် ကျမှာ မမြင်ရက်လို့ပေးလိုက်ရတဲ့ ကတိ တစ်ခုကို နေချို့ ဘက်က တည်နိုင်ပါ့မလား မသေချာ။

လက်သန်း လေး ထောင်ကာ ကလေး တစ်ယောက်လို ကတိတောင်းနေ​ပြန်တော့ သူမစိတ်ကြိုက် လက်သန်း ချင်းချိတ်ကာ ကတိပေးလိုက်သည်။

.

နှစ်ယောက်သား ဆုံ ဖို့ ကခဲ ရင်းလွန်းတာကြောင့်   ကားတစ်စီး ဖြင့် မြို့ ပတ်ဖို့ ပူဆာနေတဲ့ သူမကို နေချို  ခွင့်ပြုပေးလိုက်ရသည်။

သူမပြောတဲ့ လမ်းလေး အတိုင်း ဝင်လာတော့
ပြင်ဉီးလွင်မှာ တော်တော်ကြာနေဖူးသည့် နေချိုတောင် မရောက်ဖူးသည့် ပန်းစိုက်ခင်းကြီးကို တွေ့ရသည်။ မေမြို့ ပန်းတွေ ..နှင်းဆီပန်းတွေ နဲ့ ..နေကြာ ပန်းတွေကို စိုက်ခင်းအဝင်ဝက ပင် အရောင်အသွေး စုံလင်စွာမြင်နေရပြီ။

နေချို မရှိတဲ့ အချိန်မှာ အသစ်ဖွင့်ထားတဲ့ စိုက်ခင်းဖြစ်ပါလိမ့်မယ်။

ကားကို စိုက်ခင်း ကို အလည်လာတဲ့ လူတွေ ထားတဲ့ ပါကင်မှာ ပဲ ထားလိုက်ကာ နှစ်ယောက်သား လက်တွဲပြီး စိုက်ခင်းထဲ ဝင်ခဲ့သည်။

✨ရှုတိုင်းမွှေး  ✨

စိုက်ခင်းရဲ့ အဝင်ဝမှာတွေ့ရတဲ့ ဆိုင်းပုဒ်ကြီးကို စိုက်ခင်းထဲကို လာလည်တဲ့ သူတွေ ခေတ္တ နားခို ဖို့ သီးသန့်လုပ်ပေးထားသည့်   အိမ် ကလေးရှေ့မှာ ပါ တွေ့ ရပြန်သည်။
ရှုတိုင်းမွှေး ဆိုတဲ့ အတိုင်း တော်တော်ကို အေးချမ်းပြီး မွှေးပျံ့ တဲ့နေရာပါပဲ။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now