🐰အပိုင်း၆🐰

1.5K 34 2
                                    

💙ချစ်ခြင်းရဲ့အလွန်💙🐰

        အပိုင်း၆🐰

ကိုကို ငိုချင်နေရင်တောင်တေးသွားလေး
ရဲ့မျက်နှာကိုမြင်ရောင်ပြီး မငိုဖြစ်အောင်ထိန်းထားပါတယ်။
ငိုတယ်ဆိုလို့ ပျော့ညံ့တဲ့လူလို့မတွေးပါနဲ့
တစ်ခါတစ်ခါ  ဘဝကနှိပ်စက်တဲ့အခါ
ယောက်ျားရင့်မာကြီးတွေတောင်မျက်ရည်ကျရတယ်ဆိုတာ ကလေးကို သိစေချင်တယ်။

"အစ်ကို"

အလောတကြီးဝင်လာတဲ့ကောင်လေးကို
ကြည့်လိုက်တော့ နေချို ခိုင်းထားတဲ့ကောင်
လေးဖြစ်နေသည်။
ပြသနာတစ်ခုခုတော့ဖြစ်ပြီဆိုတာ နေချို
သတိထားမိလိုက်သည်။
boss က သူ့ကိစ္စတွေဆို ဘာမှ အထိအခိုက်ခံတာမဟုတ်ဘူး။
ဒီကိစ္စကိုလဲ မလွဲစေရအောင် နေချို့ကို စီစဉ်ခိုင်းထားတာ။

" ကျွန်တော် အလိမ်ခံလိုက်ရပြီ"

" ချီး ဘယ်လောက်တောင်လဲ။"

" ၃သန်းလောက်။"

" မင်းအမေလင်မို့လို့မင်းက ငွေ ၃သန်းတောင်
ဖောဖော သီသီ ပေးလိုက်ရတာလားကွ"

" ဟို ကျွန်တော် မှားပါတယ် အစ်ကို
bossကိုကျွန်တော့
ကြောင့်လို့မပြောပါနဲ့ bossသိရင် ကျွန်တော့မိသားစုကိုပါ ပြသနာရှာလိမ့်မယ်။
ကျွန်တော့်မှာက  အမေတစ်ယောက်ပဲရှိတော့တာ
ကျွန်တော့ အမေ က ကင်ဆာဖြစ်နေတာပါ
ကျွန်တော်လဲ ဒီအလုပ်ကို လုပ် ချင်လို့ လုပ်ရတာ
မဟုတ်ပါဘူး အဆမတန် ဆင်းရဲလွန်းလို့
ရောဂါမကုနိုင်ပဲသေရတော့
မယ့်ကျွန်တော့ အမေကို သနားလို့ပါ
အစ်ကိို ကျွန်တော့ကို ကူညီပါနော်။"

ဒူးကို အားကိုးတကြီးဖက်တွယ်လာတဲ့
လက်တစ်စုံကို နေချို တွန်းထုတ်ဖို့ စိုးရွံ့နေမိသည်။
ဒီကိစ္စက နေချိုကြောင့် မဟုတ်သလို
နေချို ဝင်ပါစရာမလိုပဲ ပြီးသွားမယ့်ကိစ္စတစ်ခုပါ။

ငယ်ငယ်ထဲက မိဘ တွေမရှိတော့တဲ့ နေချို့အဖို့ မိခင်မေတ္တာ ဆိုတာကိုလဲ ရင်းနှီးခွင်မရခဲ့သလို ဖခင်မေတ္တာကိုလဲ ခံစားခွင့်မရခဲ့တာအမှန်ပါ။ဒါကြောင့်မိဘမေတ္တာက ဘယ်လောက်ထိ နွေးထွေးလဲဆိုတာနေချိုမသိဘူး။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Waar verhalen tot leven komen. Ontdek het nu