3

2.1K 56 4
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

part 3====

အချစ်နဲ့ တွေ့ပြီးမှ နွေးထွေးခြင်းကိုလဲခံစားတတ်လာပြီ။နူးညံ့ခြင်းကို လဲ ခံစားတတ်လာပြီ။၁၀ကျော်သက်အရွယ်သူမအတွက်တော့ အချစ်က ဘဝလို ပင်။တစ်နေ့တစ်နေ့ ကိုကို နဲ့ တွေ့ရမယ့် အချိန်တွေကို စောင့်ရတာလဲအမော။ပညာဘက်မှာလဲ မလစ်ဟင်းရအောင် တေးသွားနဲ့ ကိုကို ကအချိန်ညှိပြီးတွေ့ ကြသည်။
စာကစာ ရည်းစား က ရည်းစား ခွဲခွဲခြားခြားပေါ့။

" တေးသွား ကို ကိုကို ဘယ်လို ချစ်သွားတာလဲ "

" မသိဘူး လေ ချစ်တာကို ဘယ်လိုပြောရမလဲ ကိုကို့ အထင်ပြော ရရင် တစ်စုံတစ်ယောက်ကတစ်စုံတစ်ယောက်ကို ချစ်တယ် ဆိုတာ အကြောင်းပြချက်ရယ်လို့ သေသေချာချာ မရှိဘူး နှလုံးသားထဲကနေတစ်ဆင့် ခံလာတဲ့ ခံစားချက်တွေမို့ ဒီခံစားချက်မှာ အကြောင်းပြချက်ရယ်လို့ သေသေချာချာ မရှိတာဖြစ်မယ် "

" နှလုံးသားထဲက ဟုတ်လား "

" တစ်စုံတစ်ယောက်ကို ချစ်ရခြင်းဟာ နွေးထွေးခြင်းနဲ့ပျော်ရွှင်စရာတွေကိုယူဆောင်လာပေးတယ် အချစ်ခံရမှမဟုတ်ဘူး ချစ်ပေးနေရရင်လဲ အလိုလို ကျေနပ်ပြီး ပျော်တတ်လာတယ် နှလုံးသားတစ်ခုလုံးနဲ့ နက်နက်ရှိုင်းရှိုင်း ချစ်မိပြီဆိုရင်တော့ အဲ့ဒီ့လူက ကို့ဘဝ အတွက် မရှိမဖြစ် အရာလေးတစ်ခုလိုဖြစ်လာလိမ့်မယ် သူနာကျင်ရင် ကိုနာကျင်ရတယ် သူ့ နှုတ်ထွက်စကားတစ်ခွန်းက ကို့ အတွက်အမိန့်လိုဖြစ်လာတယ် သူ မကြိုက်တာတွေဆို အလိုလိုရှောင်တတ်လာတယ် သူ သာပျော်မယ်ဆို ကိုယ်တိုင် ဝမ်းနည်းပေးလဲရတယ် ကလေးလေးရယ်အကျဉ်းချုံးပြောရမယ်ဆို သူဟာ ကို့ ဘဝရဲ့ ကံကောင်းခြင်းတစ်ခုလို ခံစားမိလာတာပေါ့ "

" ဒါဆို တေးသွားက "

" ကိုကို့ ရဲ့ ကံကောင်းခြင်းလေးပေါ့ "

ရင်ထဲမှာ တစ်သိမ့်သိမ့်နဲ့ ကြည်နူး မှု ကိုခံစားရသည်။ကိုကို ကတေးသွားကို ချစ်တယ်ဆိုတာ တစ်ကယ်ပါလား။ယုံပါတယ်ကိုကို ရယ်။တေးသွားရဲ့ ကံကောင်းခြင်းကလဲ ကိုကို ဖြစ်နေပါပြီ ချစ်သော ကိုကို ရေ။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now