အပိုင်း9❣️

2K 31 2
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

အပိုင်း 9🌹

သူဋေး ရက်ကွပ် တစ်ခုရဲ့ ခြံ ကျယ်ကြီးရှေ့တွင်ကားကရပ်သွားသည်။မကြာပါဘူးခြံတံခါးကြီးက အလိုလိုပွင့်သွားကာ အလိုလို
ပြန်ပိတ်သွားပြန်သည်။
ခြံဝန်းတစ်လျောက် ဘာအမျိုးအစားမှန်းသေချာပြောလို့ မရတဲ့ အပင်တွေ စုဝေးနေပြီး
ပန်းရုံ များစွာလဲ ရှိနေခဲ့သည်။
ကားပေါ်က ဆင်းလိုက်တော့  နန်းတေယ်တစ်မျှ ခမ်းနားလွန်းလှတဲ့ အိမ်ကြီးက ဆီးကြိုနေသည်။

ဒိုင်နီရယ် က အရင်ဆင်းသွားပြီး  နောက်
နေချို လဲ ကားတံခါးဖွင့်ကာ ထွက်လာခဲ့သည်။
အမှောင်ထဲမှာ နေသားကြနေပြီဖြစ်တဲ့ မျက်လုံးတွေက အလင်းရဲ့ စူးရှမှုကို မခံနိုင်တော့။
ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားရကာ လှမ်းနေတဲ့ခြေလှမ်းတွေ ကလဲ ဟိုယိုင်ဒီယိုင်နဲ့ မူမမှန်ချင်တော့ပါ။

နေချို ကိုယ်ကိုယ်ကို လဲကျမသွားအောင် ထိန်းရင်း ဒိုင်နီရယ်နောက်ကို အမှီလိုက်ရသည်။
ဒိုင်နီရယ့် အိမ်ကြီးက တစ်ကယ့်ကို ခမ်းနားလွန်းလှပါသည်။
ဒိုင်နီရယ့် အိမ်ကြီးကို ငေးမောကြည့်နေချိန်မှာ
ဒိုင်နီရယ် က ဓာတ်လှေကား တစ်ခုထဲ ဝင်သွားလို့ နေချို လဲ အမှီလိုက်ဝင်ရသည်။

ဓာတ်လှေကားက တရွေ့ရွေ့နဲ့ အပေါ်ကို
တက်နေတာ ကိုနေချိုခံစားမိပါသည်။
ဒိုင်နီရယ် ဘက်ကို အသာကြည့်မိတော့တစ်ခုခုကို အလောတကြီး ဖြစ်နေသလိုမျိုး အမူအရာနဲ့ လက်ပိုက်နေသည်။

နေချို ကိုယ့်ကိုယ် ကို ထိန်းထားပင်မယ့်
မရတော့ ပါ။ အားမရှိတဲ့ ခန္ဓာကိုယ်က
ယိုင်နဲ့စွာလဲပြို သွားရသည်။

.❣️

"ကိုကို"

" ကလေးလေး"

တေးသွားနဲ့ နေချို တို့ ပန်းခင်းကြီးတစ်ခုထဲရောက်နေကြခြင်းဖြစ်သည်။
တေးသွားက အပြာရောင်ဒူးဖုံးဂါဝန်လေးကိုဝတ်ထားပြီး ပခုံးထိရှည်တဲ့ ဆံပင်တွေကို ချုပ်နှောင်ခြင်းမရှိဘဲ ဖြန့်ချထားသည်။
အပြာရောင်ကောင်းကင်ကြီးရယ်
ပန်းခင်း နဲ့မြက်ခင်းစိမ်းလွင်ပြင်ကြီးရယ် ပြီးတော့ လိပ်ပြာ ငယ်လေးတွေ။
အရမ်းကို ပြီးပြည့်စုံတဲ့ မြင်ကွင်းပါပဲ။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now