အပိုင်း11

1.1K 27 2
                                    

🐰ချစ်ခြင်းရဲ့ အလွန်🐰

    အပိုင်း11🌷

" မင်းက မြန်မာ နိုင်ငံသား အစစ်လား။"

နေချို့ကို မေးတော့ ခေါင်းငြိမ့်ရုံ သာအဖြေပြန်ပေးမိသည်။ဒိုင်နီရယ်က တော့ နေချို့ဘေးမှာ
ထိုင်ပြီး ကော်ဖီ တစ်ခွက်ကို ကိုင်ကာ နေချို သူ့ဒယ်ဒီ ရဲ့ မျက်မှာပေးကို အကဲ ခတ်နေလေရဲ့။

" မင်းက လူချောပဲ အန်ကယ့်သမီးက
ဆိုးတယ် မင်းအန်ကယ့် သမီးဒဏ်ခံနိုင်ပါ့မလား။"

" ကျွန်တော်"

ဒိုင်နီရယ် ဆီကို ကြည့်လိုက်တော့ အကြည့်စူးစူးတွေ နဲ့ တုံ့ပြန်လာတာ မို့  ရေလိုက်ငါးလိုက် ပြောရမယ်ဆိုတာသ်ိပါသည်။ခက်တာက ကိုမချစ်တဲ့ သူတစ်ယောက်ကို ချစ်ပါတယ် လက်ထပ်ပါမယ် လို့ပြောရမှာ က အချစ်ကိုစော်ကားရာရောက်မနေလွန်းဘူးလား။

ဒိုင်နီရယ် ပြောသလို လျှာ ရိုးမရှိဘဲ ချစ်တယ်လို့ တွေ့တဲ့ မိန်းမ တိုင်းပြောနေတဲ့လူမဖြစ်ချင်။
ချစ်တယ် ဆိုတာ လဲ တစ်ယောက်ထဲ အတွက်ဖြစ်သလို ။ ကာကွယ်ရမယ့် သူကလဲတစ်ယောက်ထဲ ပဲဖြစ်ချင်ပါသည်။

ဒါပင်မယ့် ကို့ဘဝကို ကိုမှ မပိုင်တာ။
ပိုင်တဲ့ လူက လုပ်ဆို လုပ်လိုက်ရမှာပေါ့။

" ကျွန်တော် ...ကျွန်တော် သည်းခံနိုင်ပါတယ်ဗျာ့"

" သည်းမခံ လို့လဲ မဖြစ်ဘူးလေ မင်းကို အန်ကယ့်သမီးက ၈သန်းနဲ့ တောင် ပေးပြီးဝယ်ထားရတာလေ။"

၈သန်း။၈သန်းတဲ့လား။ဘုရားရေ နေချို တစ်သက်ကျွန်ခံပြီး ဆပ်တောင် ဆပ်လို့ မကုန်နိုင်တဲ့ငွေ တွေပါလား။

" ဒယ်ဒီ  "

" ဘာလဲ အမှန်တရားကို ပြောပြတာလေ
နောက်ထပ် တစ်ခုပြောရဉီးမယ် အန်ကယ့်သမီးက အပျို အစစ်မဟုတ်တော့ဘူး
မင်းအဲ့ တာကို လဲ သည်းခံနိုင်ရမယ်။
တစ်ချို့ယောက်ျားတွေ က မိန်းကလေးတွေ ဆို ပါကင်မဖောက်ရသေးတဲ့ အသစ်လေးတွေပဲသဘောကျကျတာလေ မင်းကတော့ အဲ့လိုမဟုတ်ဘူးမလား။"

နေချို အံကို ကြိတ်ထားမိသည်။
စော်ကားလွန်းလိုက်တာ။မိုက်ရိုင်းလွန်းလိုက်တာ။ဒါကို့ ကို သက်သက်နွားဇာတ်သွင်းတာ။
နှာဖာကြိုးထိုးတာ။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now