အပိုင်း29

1.4K 32 0
                                    

.
🐰​ချစ်ခြင်းရဲ့အလွန်🐰

အပိုင်း ၂၉🌻

တေးသွားရေချိုးပြီး ပြန်ထွက်လာတော့ ကိုကိုက အဝတ်တောင်လဲပြီးပြီ။
ကာတွန်း အရုပ်လေးတွေပါတဲ့ ညဝတ်အက်ျီလေးက ကိုကိုနဲ့ လိုက်ဖက်လွန်းလှသည်။

တေးသွား လဲ အဝတ်အစားတွေကို ရေချိုးခန်းထဲမှာပဲ ဝတ်ခဲ့တာမို့ ကိုကို နဲ့ ဆင်တူ ဖြစ်နေသည်။

ကိုကို က အိပ်ယာပေါ်မှာ အကျအနထိုင်ကာ
မျက်ခုံးပင့်ပြတော့ ကိုကို့ အနားကို ဝင်လိုက်သည်။

" မွှေးလိုက်တာ ..."

တေးသွားကိုယ်လေး ကို ရင်ခွင်ထဲ ထည့်ထားပြီး အမွှေးနံ့တွေကို ရှူ ရှိုက်နေတော့...ကြက်သီးထပင်မယ့်လဲ  ငြိမ်ခံနေမိသည်။

ပါးကို ငုံ့နမ်းပြီး နှုတ်ခမ်း ပါးလေးတွေကို ပါ
အကြိမ်ကြိမ် နမ်းရှိုက်လာတဲ့ ကိုကို့ ရဲ့နူးညံ့တဲ့ အနမ်းတွေကို လည်တိုင်လေးကိုပြန်ဖက်ရင်းတုန့်ပြန်နေမိသည်။

ကိုကို က တေးသွား လက်နှစ်ဖက်ကို စုကိုင်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်အောက်ရောက်စေသည်။

"ကိုကို ... တို့ ခုလာက်ဆို သွေးသား ချင်းနှီးနှောလို့ ရပြီမလား "

" တေးသွား ကြောက်တယ် ....."

" ကိုကို က တာဝန်မယူဘဲ ပစ်ထားခဲ့မှာ ကြောက်နေတာလား ...ကိုကို့ ကို အဲ့လောက်တောင်မယုံတာလား "

မျက်လွှာချကာ ငြိမ်သက်နေတော့ ကို့ အချစ်ကို ခုထိမယုံသေးတာလား ဆိုတဲ့ ခံစားချက်နဲ့ စိတ်ပူရပါသည်။

သူမပြောတော့ ကိုကို့ အတွက် ကလေးလေးတွေ မွေးပေးခြင်တယ်ဆို။သွေးသား နှီးနှောခြင်းမရှိဘဲ ကလေးက ဘယ်လို ရမှာလဲ။

ဒါပင်မယ့် သူမဘက်က အဆင်သင့်မဖြစ်သေးရင် အတင်းမလုပ်ယူပါဘူး။စစချင်းဆိုတော့ ရှက်ရှာမှာပေါ့။

" ကိုကို ..."

"ကလေး အဆင်သင့်မဖြစ်သေးရင်  "

တေးသွားလေးက ခေါင်းခါပြီး လည်တိုင်ကို ဖက်တွယ်ထားရင်းနှုတ်ခမ်းကို မော့နမ်းကာ

" အဆင်ပြေတယ် "

ရှက်နေလို့ မျက်နှာ လွှဲထားတဲ့ ကလေးလေးကို အသဲရား စွာ စိုက်ကြည့်နေမိသည်။
မျက်နှာလေး ကို ခပ်ဖြေးဖြေး ပြန်တည့်လိုက် ကာ နှုတ်ခမ်း သား တွေကို အရင်ဆုံး စွဲမက် ဖွယ်နမ်းရှိုက်လိုက်သည်။

🐰ချစ်ခြင်းရဲ့ အလွန်🐰🐰ချစ်ခြင်းရဲ့ အလွန်🐰[completed]Where stories live. Discover now