အမှာစာ

92.1K 2.6K 66
                                    


(Unicode)

အားလုံးပဲ..ကျွန်တော် စာရေးသူ အသားပေါင်းပါခင်ဗျာ။

ပထမဆုံးပြောချင်တာက အခုထပ်ပြီး စတင်လိုက်တဲ့ "အိမ်ကြီးရှင်ရဲ့ကောင်းချီးလေး" က ကျွန်တော့်အတွက် လုံးဝကို စိန်ခေါ်မှုကြီးတစ်ခုလိုဖြစ်နေခဲ့တယ်ဆိုတာပါပဲ ။

ဘာလို့လဲဆိုတော့ ကျွန်တော်က ကြမ်းကြမ်းရမ်းရမ်းတွေနဲ့ ခပ်မြန်မြန်ရေးရတာမျိုး ၊ Plotလည်း ကြိုမချဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်အလိုက် ရေးရတာမျိုးကို အားသန်တဲ့သူပါ။ (ပျင်းတာလည်း ပါတာပေါ့ဗျာ)

အခုတစ်ခေါက်မှာတော့ ကျွန်တော့်ရဲ့ဇာတ်လမ်းဟာ ခိုးနမ်းချစ်စရာ၊မြတ်နိုးချင်စရာ ကျွန်တော့်ရဲ့ဇာတ်ကောင်လေးလို ခပ်အေးအေးနဲ့ ခပ်ငြိမ်ငြိမ်ကလေးပဲ သွားရမှာပါ။ အဓိကက Married life ဖြစ်နေတော့ သိတဲ့အတိုင်း ခွေးစာတွေကတော့ တနင့်တပိုးပေါ့လေ။

ဒီဇာတ်လမ်းလေးထဲမှာ အဓိကအနေနဲ့တော့ သနပ်ခါးပါးကွက်ကြားလေး အမြဲလိမ်းထားတတ်တဲ့ မရောင့်ရဲချင်စရာ ပန်းနုရောင်တပ်မက်မှုလေးရယ်..၊ ဖြစ်နိုင်ရင် အဲဒီပန်းနုရောင်လေးရဲ့အရိပ်ကိုတောင် လိုက်ဖမ်းထားချင်တဲ့ ကဲကဲသဲသဲ မဏ္ဍပ်တိုင်တတ်ပြချင်သူကြီးရယ်တို့ ပါဝင်ပါမယ်။
ပြီးတော့ M-Pregလည်းဖြစ်သွားနိုင်ပါတယ်။

ကျွန်တော့်ရဲ့နှုန်းဟာ အခြေအနေအရပ်ရပ်ကြောင့် မိန်းကလေးအဖြစ် နေရတာမို့ အဲဒီလိုTypeမျိုးသဘောမကျရင်တော့ မဖတ်စေချင်ပါဘူး။

စကားပြောရင် ထစ်ထစ်ငေါ့ငေါ့နဲ့ဆွဲကိုင်လှုပ်ပစ်ချင်စရာ အလှလေးကို မုန်းဟန်ဆောင်ပြီး တကယ်ကျ သဲသဲလှုပ်နေတဲ့ သခင်လေးရယ်ပါ !!

ဆိုတော့..အချိုအရိုလေးတွေ များများခပ်ထည့်ပေးမှာမို့ ကျွန်တော်နဲ့အတူ လိုက်ပြီး ချောင်းဆိုးရင်ကြပ်ပေးရင် သိပ်ပျော်မိမှာပဲဗျာ:XD

Update ကတော့ အတတ်နိုင်ဆုံးမြန်ပေးပါမယ်။
Update မြန်ပြီး စကားတည်တတ်တာ "သူ့ကြယ်" ကို အွန်ဂိုးရင်း လိုက်တဲ့ ပေါင်ပေ့တွေဆို သိမှာပါ🤎

ပြီးတော့ ကျွန်တော့်ရဲ့Fictionလေးမှာ စိတ်အနှောက်အယှက်ဖြစ်စရာ တိုက်ဆိုင်မှုတွေ၊ ပြသနာတွေ ရောထွေးပါလာခဲ့ရင်လည်း ကျွန်တော့်ကို တိုက်ရိုက်လာပြောပေးပါခဗျာ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now