Part(12)/Zawgyi

7K 346 12
                                    

ချစ်ခြင်းမေတ္တာဟူသည်က ပေးတိုင်းလည်း ပြန်မရ၊ ရသမျှလည်း မလိုချင် ။
သစ်ခတ်စိမ်းအတွက်တော့ အချစ်ဟာ ရတာမလို လိုတာမရဟူသည့် သဘော သဘာဝပင် ဖြစ်ရသည်။

သူ့ဘက်ကတော့ ထိုအမျိုးသမီးလေးအား မျှော်လင့်တကြီးငေးမောလျက် စောင့်စိုင်းမိသော်ငြား ထိုအမျိုးသမီးငယ်လေးဘက်ကမူ သူမအပေါ်တွင် ဘာစိတ်မျှ မရှိဟု ဆို၏။

အရှက်တရားကင်းမဲ့စွာ မှိတ်ချမိသော မျက်ခွံတို့အား ဖွင့်လျက်ကြည့်တော့ ချစ်ရသူအမျိုးသမီးငယ်က သူမအား လှောင်ရိပ်သန်းသော အကြည့်တို့ဖြင့် လက်ပိုက် ကြည့်နေသည်သာ ။

" မင်းဘာတွေမျှော်လင့်နေတာလဲ သစ်ခတ်စိမ်း
ငါထင်တာမမှားဘူးဆိုရင် ငါကမင်းကို နမ်းလိမ့်မယ်လို့ မင်းတွေးနေတာမလား !"

တိကျရှင်းလင်းသော အသံနေအသံထားဖြင့် ထိုအမျိုးသမီးငယ်က သူမအား ဉီးတည်စွာ အမေးစကားဆိုလာတော့ သစ်ခတ်စိမ်းက သူခိုးလူမိသွားသလို အနေရခက်စွာ ချောင်းဟန့်လိုက်ရင်း ,

" နွေးသိနေတယ် မဟုတ်လား
ဘာကြောင့် မေးနေရသေးသလဲ "

"အို.. သေချာ တိကျအောင်လို့ပေါ့ !
အဲ့သည်လိုပြောလိုက်လို့လည်းမဟုတ်တာတွေ
မတွေးစေချင်ဘူး၊ တို့ပြောချင်တာက မင်း တို့အပေါ် ကြိုက်သလို သဘောထားလို့ ရပေမယ့် တို့ဆီကတော့ ဘာမှ ပြန်မမျှော်လင့်နဲ့...ဒါကိုပဲ "

"တော်ပါတော့ နွေးရယ်
ကျွန်မ သိတယ် !"

သစ်ခတ်စိမ်းဟာ စိတ်ထဲမှ ဒဏ်ရာဟောင်းကို ထိုးစွနေတဲ့ ချစ်ရသူအမျိုးသမီးလေးရဲ့ စကားကို မသိကျိုးကျွံပြုရင်းမှ ရပ်စေ၏။

အမှန်ဆို သူမလိုမိန်းမဟာ ဘယ်သူ့ကိုမှ အောက်ကျို့နေစရာမလို။ အစ်ကိုကြီးကတော့ သူမကို စိတ်ချမ်းသာရာလုပ်ဆိုပြီး လွှတ်ထားပေးခဲ့တာ ။ သူကလည်း ဒီမိန်းကလေးရဲ့ အရိပ်လေးကိုဖြစ်ဖြစ် ဖက်တွယ်နေချင်သးတာ။

တခါတလေတော့ သူမမှာလည်း ရူးကြောင်ကြောင်နိုင်တဲ့ စိတ်ကူးတွေနဲ့ ။

နွေးရဲ့ခေါင်းမှာ ပန်ထားတဲ့ ပန်းကလေးတစ်ပွင့်နဲ့ဖြစ်ဖြစ် ၊ နွေးရဲ့လည်တိုင်မှာ ဆင်မြန်ထားတဲ့ ငွေရောင်ကြိုးမျှင်လေးနဲ့ပဲဖြစ်ဖြစ် ဖြစ်နိုင်ရင် နေရာချင်းလဲထားပစ်လိုက်ချင်ပါ၏။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now