Part(34)/Unicode

11.1K 744 7
                                    


ပုံနှုန်းညီ တစ်ယောက်မှာ သူပြောစကားကိုယ်နားမလည်၊ကိုယ်ပြောစကား သူနားမလည်သည့် ထိုမိန်းကလေးကြောင့် သက်ပြင်းကိုသာ မကြာခဏ ချနေမိသည်။

အမှန်တိုင်းပြောရရင် မောင့်ကိုတွေ့ချင်နေပြီဖြစ်ပြီး ဘာအင်္ကျီကိုမှလည်း လဲမနေချင်တော့။
မောင့်စီသာ အပြေးသွားလိုက်ချင်တော့၏။

သို့ပေသိ , မောင်က လူအများသိတဲ့ နာမည်ကြီး ဒီဇိုင်နာ ။ သူက မောင်ခေါ်တဲ့နေရာကို သွားရမည်ဆိုတော့ လူအများကြားထဲလည်းဖြစ်နိုင်သည်။
မောင့်ကို သူ့ကြောင့် နေရမခက်စေလိုသဖြင့် လူမျိုးကြား မိန်းကလေး ခေါ်ရာနောက်သို့သူ ထပ်ချပ်မကွာလိုက်ရင်း သူမပြောသည့်အရာများကိုပဲ တသွေမတိမ်းလိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့၏။

မောင်က တကယ်ပဲ သူလို လူတစ်ယောက်နဲ့ အတူ ဒီလိုလူကုန်ထံတွေကြား တွဲသွားတွဲလာ လုပ်ရမှာ မရှက်ဘူးလား။
တစ်ခဏလေးတောင်မှ မောင့်အတွက် သူ့ရဲ့ဖြစ်တည်မှုဟာ တုန့်ဆိုင်းတွေဝေချင်စရာ ကောင်းမနေဘူးလား။ 

မောင်က တကယ့် အ,အ လေးပဲ။
သူ့ထက်သာတဲ့ အခြေအနေမှာရှိပြီး သူ့ထက်လှတဲ့ အမျိုးသမီးလေးတစ်ယောက်မက ရနိုင်လျက်နဲ့ သူ့လို ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ယောက်ကို လိုလိုလားလား ရွေးချယ်တယ်။

အတော်အတန်ကြာအောင် အခန်းအနည်းငယ်ကို ဖြတ်လျှောက်ပြီးနောက် အဝတ်များအား ငွေမင်ရောင်အနားကွတ် ဖန်ဘောင်ထဲ၌ အစီအရီ ထည့်ချိတ်ထားသည့် အခန်းထဲသို့ ရောက်လာသည်။

" Look ! "
[ကြည့်ပါဦး]

မမြင်ဖူးမတွေ့ဖူးသည့်အရာများမို့ ငေးလို့ကောင်းကောင်းနှင့် ငေးနေသော သူ၏ လက်မောင်လေးကို အသာအယာလှမ်းတို့လျက် ဘီလီက နေရာတစ်ခုသို့ ညွှန်ပြသည်။

ထိုအရာက ငွေရောင်နှင့်ခရမ်းဖျော့ရောင်တို့ စပ်ထားသော အင်္ကျီလေး တစ်ထည်။ ကော်လံအောက်တွင် ခရမ်းဖျော့ရောင် ဖဲကြိုးရှည်လေး တစ်ကြိုးက အသဲယားဖို့ကောင်းအောင် ထည့်သွင်း ချုပ်ထားသေး၏။

ဘယ်ဘက်ရင်ဘက်တွင်မူ လာဗင်ဒါပန်းအသေးလေးပုံစံ အရောင်တစ်လက်လက်ထနေသော ပုံဆောင်ခဲလေး။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now