Part(15)/Unicode

26.9K 2.5K 329
                                    

မှန်းချက်နှင့်နှမ်းထွက်ဟာ မကိုက်ညီသဖြင့်
ဒေါ်မြလွန်းညိုဟာ စိတ်တွေအမှန်ပင် ထွေပြားနေရသည် ။

သူမမျှော်လင့်ထားခဲ့သလိုမျိုး သူမတို့ဆီကို ဘာခေါ်ဆိုမှုမှ ရောက်ရှိမလာ ။
ညတွင်းချင်း မဟုတ်ရင်တောင် မနက်လင်းတဲ့အခါ သူမတို့အိမ်သို့ FAME အိမ်တော်မှ ခေါ်ဆိုမှု ရောက်လာလိမ့်မည်ဟု သူမတွေးထင်ထားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်ငြား ဤအချိန်လောက်ဆို ပုံနှုန်းဟာ ယောကျ်ားတစ်ယောက်ဆိုတာကို ထိုဒုတိယသခင်လေးသိပြီးလောက်ရောမဟုတ်လား ။

သူတို့ဆီကို ဖုန်းဖြင့်ခေါ်ခြင်း ဒါမှမဟုတ် လူလွှတ်ခေါ်ခြင်းတို့ စိတ်ဆိုးမာန်ဆိုး လုပ်လာမည်ဟု သူမမှတ်ထင်ထားသည် ။

မောင်ဖြစ်သူ မြတ်လွန်းနိုင်ကလည်း မနေ့ပြောလေတော့ နှုန်းကို အိမ်ခေါ်လာပါ၊ စောင့်နေမည်
နှင့် ၊ အခုများတော့ ပျောက်ခြင်း မလှ ပျောက်နေပါလျော့လား ။

တကယ်ကို ဘာတွေများဖြစ်နေလဲလေ ။ တစ်ခုခုဟာတော့ သူမမျှော်မှန်းထားတဲ့ လမ်းကြောင်းကနေ ကျော်လွန်ပြီး သွေဖယ်သွားနေတော့တာပဲ ။

ဒေါ်မြလွန်းညိုဟာ သူမ၏ အစီအစဥ်အတိုင်းဖြစ်ပေါ် မလာမှုအပေါ် စိတ်အလိုမကျဖြစ်ရင်း သူမရှေ့၌ သူမအား အားကိုးတကြီး ငေးမော့
ကြည့်နေသည့် သမီးဖြစ်သူ ခတ္တာညိုအား သက်ပြင်းသာချပြလိုက်သည်။

ခတ္တာညိုကလည်း မျက်နှာမကောင်း ။
သူမမျှော်လင့်ထားသည်က ပုံနှုန်းကို စိတ်ဆိုးမာန်ဆိုးဖြင့် သူမတို့အိမ်သို့ ပြန်လာအပ်မယ့် ဒုတိယသခင်လေးကို ။

အဲ့လိုသာ သူမတို့အိမ်ကို သခင်လေး ပြန်ခြေချတဲ့အချိန်မှာ ခတ္တာညိုက သူမ၏ ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူအစား သခင်လေးကို လက်ဆက်လိုက်ရမည်သာ ။

အခုများကျတော့ FAME အိမ်တော်က စာမလာသတင်းမကြား ။ အခြေအနေတွေကလည်း ပုံမှန်လိုမျိုး တိတ်လျက်၊ဆိတ်လျက်။
အမှန်တကယ်ဆိုလျှင် ပုံမှန် မဟုတ်တဲ့ အခြေအနေတွေမှာ အခုလို ပုံမှန်ဆန်နေတာက အဓိပ္ပာယ်မရှိလှပါ ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now