Part(3)/Unicode

25.9K 2.3K 142
                                    

"သမီးတို့ရေ ၊ အမြန်ပြင်ကြကွယ်
သူဌေးကြီးစောင့်နေရရင် အားနာစရာတွေ
ဖြစ်ကုန်မယ် "

အချိန်ကား နံနက်၈နာရီပင် မထိုးသေးသော်ငြားဒေါ်မြလွန်းညို၏ အကဲပိုပို နှိုးဆော်သံက တက်ကြွစွာပင် ထွက်ပေါ်လာ၏။

နီညိုရောင်ပါတိတ်ဝမ်းဆက်ကို ကျော့မော့နေအောင်ဝတ်ကာ စိန်စီဘယက်ဖြင့် တခမ်းတနားပြင်ဆင်ထားသည့် ဒေါ်မြလွန်းညိုက ဧည့်ခန်းထဲမှ နေ၍ ယခုတိုင် ဆင်းမလာသေးသည့် သမီးဖြစ်သူများအား အော်ခေါ်နေသည်။

ဒီနေ့ဟာ နှုန်းကို ဆွေပြမျိုးပြအနေဖြင့် "FAME"အိမ်တော်ကြီးထံသို့ ခေါ်ဆောင်သွားရမည့်နေ့ ဖြစ်သည်နှင့်အညီ သူမတို့ သားအမိတွေကပါ အသေအချာ လိုက်၍ကြီးကြပ်ပေးရမည်မဟုတ်လား။

သခင်ကြီးစောစေးလျမ်းက ပုံနှုန်းအား မြင်တွေ့ဖူးပါသော်လည်း ဓာတ်ပုံထဲတွင်သာ။
လူကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ဖူးချင်ပါသည်ဟု ဆိုလာတော့လည်း သူမတို့ဘက်မှ ငြင်းရန်မသင့်။

တစ်ချိန်တစ်ခါကျလျှင် မိသားစုတွေဖြစ်လာမယ့် အတူတူ အခုကတည်းက တရင်းတနှီးဆက်ဆံထားသင့်သည်သာ။

ဒါမှ နောင်များအနေဖြင့် လိုအပ်သည့်ကိစ္စတို့ရှိလျှင် လက်မခက်မည်မဟုတ်လား။

"ခတ္တာညို ပုလဲညို !
ညည်းတို့ ကြာလှချည်လား
နှုတ်ခမ်းနီဆိုးနေတာလား နှုတ်ခမ်းနီ ဝါးစားနေကြသလား "

"လာပြီ မာမီ၊ ခဏပဲ ခဏပဲ"

ဒေါ်မြလွန်းညိုက သည်းမခံနိုင်တော့စွာ ထပ်၍အော်လိုက်လေတော့မှ သမီးကြီးဖြစ်သူ ခတ္တာညို၏ အသံစူးစူးက စွာကနဲထွက်ပေါ်လာ၏။

ထို့နောက် မကြာမီပင် အိမ်အပေါ်ထပ်လှေကားမှ ကြွကြွရွရွဆင်းလာသော သမီးဖြစ်သူနှစ်ယောက်အား တွေ့လိုက်ရသည်။

"ဟင် "

ဒေါ်မြလွန်းညိုတစ်ယောက် သမီးဖြစ်သူတွေရဲ့ ဝတ်ပုံ၊စားပုံကို ကြည့်ရင်း ထိုနေရာမှာပင် သွေးဆောင့်တက်မလို ဖြစ်ရ၏။

အကြီးမဖြစ်သူ ခတ္တာညိုက ရင်ဟိုက်သောဆွဲသားအင်္ကျီကို ဒူးအပေါ်လောက်ထိတိုတိနေသည့် ကိုယ်ကျပ် စကပ်ဖြင့် တွဲ၍ ဝတ်ဆင်ထားသည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now