Part(1)/Unicode

59.3K 3K 224
                                    


ပါရီမြို့၏ မြင်ကွင်းအချို့သည် ညနေဆည်းဆာကြောင့် ပုစွန်ဆီရောင်သမ်းလျက်ရှိကာ နှမြောတသဖြစ်စရာကောင်းလောက်အောင်ပင် လှပလို့နေ၏။

ရှုပ်ယှက်ခတ်နေသော လမ်းမကြီးထက်တွင် လူအချို့က ဟိုတစ်စု ဒီတစ်စုဖြင့် စု၍ရပ်နေကြသည်။
Trend ဖြစ်နေသော Fashionမျိုးစုံတို့ဖြင့်
မိမိုက်နေသူများရှိသလို၊ဝတ်ထားသည်ကို Trendဖြစ်အောင် ကြိုးစားထားသည့်သူ
အချို့ကိုလည်း ထိုနေရာ၌ တွေ့မြင်ရနိုင်၏။

လူအများက စု၍ ရပ်နေသောကြောင့် ကျယ်လွန်းလှသော လမ်းမကျယ်ကြီးသည်ပင် တဖြည်းဖြည်း ပြည့်သိပ်လုမတက် ဖြစ်လာသည်။
အချို့သူများဆိုလျှင် နာမည်အတော်ရနေသည့် Model များဖြစ်ပြီး၊ ယခုတလော လူကြိုက်များနေသော အဆိုတော်၊သရုပ်ဆောင်များကိုပါ တွေ့ရသည်။

အမှန်တော့ သည်နေရာက ခုတလောမှ
တရှိန်ထိုး Hitဖြစ်လာသည့် Professional Designer L.Sayy Mue(အယ်စေးမူး)၏ Fashion Show Busking Areaပင်။

မကြာမီ ဖျော်ဖြေရေးအစီအစဥ်များနှင့် သာမာန်မှကွဲထွက်ကာ ဆန်းသစ်လွန်းသည့် Fashion Design တို့ဖြင့် Runway model များ ထွက်၍လာသည်။

အားလုံးက စိတ်ဝင်တစားကြည့်နေကြပြီး လက်ခုပ်တီးကာ ထိုအမျိုးသား၏ အရည်အချင်းအား ဘာမျှအထွန့်မတက်နိုင်ဘဲ အသိအမှတ်ပြုကြရ၏။

Asian တစ်ယောက်အနေနဲ့ Paris မှာ ဒီလို Show တစ်ခုကို ဦးစီးဦးဆောင်ကျင်းပနိုင်တဲ့
ထိုအမျိုးသားငယ်ဟာ သူတို့နယ်ပယ်မှာတော့
မသိသူမရှိ။

"Goldern L" ဆိုတဲ့ Desginer nameနဲ့ "အယ်စေးမူး"ဆိုသည့် Karen(ကရင်) ကောင်လေးဟာ Parisမှာတော့ Designer တိုင်း collaboration လုပ်ချင်နေသော အောင်မြင်ကျော်ကြားသူ တစ်ဦးဖြစ်သည်။

"L, Are you nervous right now?"
(L မင်းအခု အရမ်းစိတ်လှုပ်ရှားနေလား)

Aimeeက သူမရှေ့၌ ရပ်နေကာ Runway modelများအား မမှိတ်မသုန်စိုက်ကြည့်နေသည့် ထိုကောင်လေးကို နှစ်သိမ့်ပေးချင်၍ မလိုအပ်သော ထိုအမေးစကားအား စ,လိုက်ခြင်းဖြစ်သည်။

ထိုကောင်လေးက သူမအား လှည့်၍ပင် မကြည့်၊ Stageပေါ်သို့သာ အာရုံစိုက်ရင်းမှ ပါးတွင်ချိုင့်ခွက် သေးသေးလေးပေါ်အောင်ပင် ပြုံးလိုက်ကာ
သူမ၏အမေးအား ပြန်ပြောသည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now