Part(14)/Unicode

26.1K 2.3K 169
                                    

"ဆိုတော့... ဘယ်လို အိပ်ချင်လဲ
လက်မောင်းပေါ် အိပ်မလား
ရင်ခွင်ထဲအိပ်မလား
ဘယ်နားလေးမှာ အိပ်ချင်လဲ "

"ငါ...ဟို ငါ့..ငါ့ဘာသာ အိပ်ပါ့မယ် "

"မဟုတ်ဘူး !
ကျွန်တော်က ခင်ဗျားယောကျ်ားဖြစ်နေပြီ
အိမ်ဦးနတ်ရဲ့စကားကို ပယ်ချချင်နေတာလား"

ကောင်ငယ်လေး၏ တဇွတ်ထိုးဆန်သည့် စကားတို့က သူ့အား အချိန် အခိုက်အတန့်တစ်ခုထိ တွေဝေသွားစေသည်။

ကောင်ငယ်လေးကတော့ သူ့ကို မမှိတ်မသုန်
ကြည့်နေတာ ကျက်သီးထချင်စရာ ။

မျက်တောင်ရှည်ရှည်တွေနှင့်အတူ
သားရဲဆန်သည့် စူးရှရှ အကြည့်တို့က သိပ်ကို အန္တရာယ်များလွန်းသည့် ဆွဲအားတစ်ခုပမာ ~

စူးနစ်စွာ စိုက်၀င်တော့မည့် အကြည်တို့ကို ဖြစ်ပေါ်စေသည့် လွန်းအိမ်သဏ္ဍာန် မျက်၀န်းအိမ်တို့ကလည်း ပုံနှုန်း ခုန်ချကြည့်ချင်မိသည့် ခြောက်နက်ကြီး တစ်ခုလို အတိမ်အနက် ခန့်မှန်ရခက်သည်။

တမင်ပင် လှစ်ဟပြထားသလို ဆွဲတင်ထားသည့် Sport Shirt အင်္ကျီကြောင့် ဝမ်းဗိုက်ရှိကြွက်သားတို့က အထင်အရှား ။

ပုံနှုန်းဟာ စျာန်ရနေတဲ့သူတော်စင်မဟုတ်သလို တရားဘာ၀အားထုတ်ချင်တဲ့ ကောင်ငယ်လေး၏ ဓမ္မမိတ်ဆွေလေးလည်း မဟုတ် ။

ကောင်ငယ်လေးက ယောကျ်ားတစ်ယောက်ဖြစ်သလို သူကလည်း ယောကျ်ားတစ်ယောက် ။
ဘယ်လိုပဲ မိန်းကလေးတစ်ယောက်လို ၀တ်ဆင်နေပါစေဦး သူ့မှာလည်း ယောကျ်ားလေးတစ်ယောက်ရဲ့ သဘာဝ သွေးသားဆန္ဒဆိုတာ ရှိနေတာပဲ။

ကောင်ငယ်လေးဟာ အတိမ်အနက်ခန့်မှန်းရခက်တဲ့စမ်းချောင်း ရေတိမ်ကလေးဆိုလာရင်
သူက အဲ့ဒီ ရေတိမ်မှာ နစ်ဖို့ တပျော်တပါးကြီး
ဆင်းမယ့် အနေအထိုင်မတတ်တဲ့ ကလေးတစ်ယောက်လိုဖြစ်တည်မှုမျိုးပဲ ။

ကောင်ငယ်လေးဟာ အန္တရာယ်ကို မျက်ကွယ်ပြုနေသလား ၊ သူ့ကို အထင်သေးနေသလား ။

" ကောင်လေး ... မ..မဖြစ်သင့်ဘူး ဆိုတာ ရှိ..ရှိသလား "

"ဟင့်အင်း နှုန်းနဲ့ ကျွန်တော့်ကြားမှာဆိုရင်
မရှိဘူး "

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now