Part(11)/Unicode

25.9K 2.1K 149
                                    

[A:N/ သီချင်းလေးနားထောင်ပါ။]

"ညက အိပ်ပျော်ရဲ့လား မ , ပြီးတော့ မောင်သီချင်းဆိုပြတာ မ သေချာနားထောင်ခဲ့ရဲ့လားဗျာ "

"ဝေး...ဝေးသေးပါ့ ၊ တန်း..တန်းအိပ်တာ
နားမထောင်ဘူး !'

မနက်အစောကြီး ခြံထဲဆင်းပြီး ဒီကောင်လေးကို ရှောင်နေပါတယ်ဆိုကာမှ သကောင့်သားလေးက ခြံထဲအထိ ဆင်းပြီး သူ့ဘေးကို အရောက်လာသေးသည်။

ကျယ်ဝန်းလာတဲ့ ဒီအိမ်တော်ကြီးမှာတောင် ဒီကောင်လေးရဲ့လက်ကနေ ပုံနှုန်း လွတ်ဖို့ လမ်းမမြင် ။ ကောင်ငယ်လေးကလည်း သူ့လိုလူကိုများ ဘာတွေ အသဲအသန် ဖြစ်နေသည်ရယ် မသိ။

ပုံနှုန်းက ကောင်ငယ်လေး၏ စကားများကို နားမထောင်လိုသည်မို့ ရှိသမျှ စိတ်ခွန်အားတွေ စုစည်းလိုက်ပြီး ထိုကောင်လေးရှေ့မှ လစ်ပြေးရန် ကြံလိုက်သည်။

ဘယ်လိုပင် လျင်လျင်မြန်မြန်လှုပ်ရှားပါစေ ၊ ကောင်ငယ်လေးက ပုံနှုန်းထက် သာ၍ သွက်လပ်နေသည်သာ ။ ရှေ့မှာ ကွယ်၍ ရပ်လိုက်သော ရင်အုပ်ကျယ်ကြီးကြောင့် သူ့လိုတုံးအသည့် သူတောင် ပြေး၍ မလွတ်နိုင်သော အခြေအနေမှန်း သိလိုက်သည်။

"ဘယ်ပြေးမလို့လဲ
ဒီတစ်ခါမရဘူး "

"ဘယ်...ဘယ်မှ မပြေးဘူး
ပြေး..ပြေးစရာလည်း မလိုဘူး ဟွန်း!"

"မလိုရင်လည်း ပြီးရောဗျာ
လာပါ ဒီပေါင်ပေါ် လာထိုင်ပါဦး မမလေးရယ် "

ပြေးဖို့ အကြံအစည်ဖြင့် အမြန်ထ၍ ရပ်လိုက်သော ဒေါ်ပုံနှုန်းအား စေးမူးက ပိတ်၍ ရပ်ရင်း လက်ကို ဆွဲလိုက်သည်။ ပြီးခါမှ နားနေဆောင် အဖီလေးရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး ထိုအလှပဂေးလေးအားလည်း သူ၏ ပေါင်ပေါ်၌သာ ထိုင်စေသည် ။

သို့သော်ငြား ထိုအလှပဂေးလေးက ဒီရက်တွေမှာ သူ့အပေါ် ဆက်ဆံပုံတွေက ပြောင်းလဲနေသည်။ ဘယ်သောအခါမှ သူ၏ တောင်းဆိုချက်များကို အသာတကြည် လက်မခံခဲ့။ အမြဲလိုလိုပင် သူ့အား ငြင်းဆန်နေခဲ့သည်သာ ။

ယခုလည်း သူထင်ထားသလိုပင် သူ၏ ပေါင်ပေါ်သို့ လာမထိုင် ။ သူက စိတ်မရှည်စွာ လက်ကိုဆွဲချလိုက်ရင်း သူ၏ပေါင်ပေါ်သို့ ဇွတ်ပင် ထိုင်စေ၏။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now