Final Part/Unicode

18.3K 901 27
                                    

မြတ်နိုးလွန်းရတဲ့အရာတွေကို အပိုင်သိမ်းချင်ကြတာဟာ လူ့သဘာ၀ပဲမဟုတ်လား။

မမြဲတဲ့သဘောတရားတွေနဲ့ လောကကြီးဖြစ်မယ်ဆိုရင်တောင် ကိုယ့်ရဲ့ထွက်သက်မတိုင်ခင်အထိတော့ မင်းကိုရင်ခွင်ထဲ ထည့်ထားခွင့်ရတဲ့သူဟာ ကိုယ်ပဲဖြစ်ချင်တယ်..

တန်ဖိုးထားကြောင်းဟာ နှုတ်ဖျားကနေပြောနေရုံနဲ့မပြီး။ အဲ့သည်လူဟာ သူ့ကိုယ်သူ တန်ဖိုးရှိတဲ့သူဖြစ်ကြောင်း ခံစားမိအောင် လုပ်ပေးနိုင်ဖို့လည်း လိုသေးသည်။

တံခါးကို ဖွင့်လိုက်ပြီး သူ့စီပြေးလာတဲ့ နှုန်းကို မြင်လိုက်တော့ သူ့မျက်၀န်းမှာရော နှုန်းရဲ့မျက်၀န်းမှာပါ မျက်ရည်စ တွေနဲ့။

Wedding တစ်ခုလုံး ခရမ်းဖျော့ရောင် Theme တွေနဲ့ သူကိုယ်တိုင် စီမံထားပြီး ဒီအမျိုးသားလေး စိတ်တိုင်းကျဖို့ မျှော်လင့်ထားမိသည်။

ဖိတ်ထားတဲ့ Guest တွေဆိုတာလည်း World wide နဲ့ချီပြီး အောင်မြင်နေကြတဲ့ သူ့ရဲ့ဒိတ်ဒိတ်ကြဲ ပါတနာ Celebrity တွေချည်း။

အခန်းအနားကျင်းပဖို့ Paris မှာ စျေးအကြီးဆုံး၊ အမိုက်ဆုံးဆိုတဲ့နေရာကို ငှားရမ်းထားလိုက်တာ ။ နှုန်းသာ ဒီနေရာကို စိတ်တိုင်းကျမယ်ဆို သူ၀ယ်လိုက်ဖို့လည်း အဆင်သင့်။

နှုန်းဟာ သူ့စီပြေးလာပြီး သူ့ရင်ခွင်ထဲတိုး၀င်ကာ သူ့အား တင်းတင်းကြပ်ကြပ် သိုင်းဖက်လာသည်။

သူ့ချစ်ခြင်းမေတ္တာတွေကို ဒီအမျိုးသားလေးခံစားမိကောင်းပါရဲ့။ မျက်၀န်းထဲက မျက်ရည်စ တွေဟာ သူမျှော်လင့်ထားသလိုပင် အရောက်လက်နေပြီး အလင်းရောင်အောက်တွင် လက်၍ပင်နေသည်။

" ဟင့်.. မောင် ၊ ဒါ .. ဒါက .. "

" မောင်တို့Wedding ! Baeနဲ့မောင့်ရဲ့ Wedding "

နှစ်ယောက်ထဲ တစ်ကမ္ဘာတည်၍ တစ်ယောက်မျက်နှာတစ်ယောက်ငေးရင် စကားတွေဖလှယ်နေရာ ပတ်၀န်းကျင်ကိုပင်မေ့နေကြလျော့သလား ။

" အဟမ်း .. အဟမ့် "

စောစေးလျမ်းက သတိပေးသလို ချောင်းဟန့်လိုက်လေတော့မှ သတို့သားလေးနှစ်ယောက်ဟာ အကြည်စိုက်လွန်နေခဲ့သဖြင့် နေရခက်စွာ ဂုတ်ပိုးကို ကိုယ်စီပွတ်သတိရင်း အရှက်ပြေ ပြုံးသွားကြသည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now