Part(2)/Zawgyi

9.2K 345 7
                                    

~နေရောင်ခြည်တွေ ကန်လန့်ကာဖွင့်
  ရောင်စုံကမ္ဘာမြေကြီးက နိုးလာ
   ကိုယ့်မှာ ညကအခုချိန်တိုင်
   ပျော်အောင်အိပ်လည်းမရ ~

ရာသီဥတုသာယာ၍ ကြည်လင်သော နံနက်ခင်းသည် ထိုသူ၏ အသံကြောင့် ပို၍ပင်ပြီးပြည့်စုံသွားသလိုရှိလှ၏။

ချိုအီနေသည်အထိ မဟုတ်ဘဲ ခပ်ရှရှနှင့် နားဝင်ချိုသောသီချင်းသံသည် နားစွန်နားဖျားကြားရသူပင်လျှင် အသေအချာ အာရုံစိုက်၍ နားထောင်ချင်မိလောက်သည်အထိ သာယာလှသည်။

အချိန်အားဖြင့်ကား နံနက် ​ခုနစ်နာရီခန့်သာရှိသေး၏။
အတော်အသင့်ကျယ်ဝန်းသော ခြံအတွင်းရှိ သုံးထပ်တိုက်ကလေးသည် သူ့အနေနှင့်သူတော့ ခြံဝန်းနှင့် ပနံသင့်လှသွာရှိနေပြီး မျက်စိပသာဒ ဖြစ်စရာပင်။

ထိုသို့သော အထက်တန်းကျကျ အဆောက်အဉီးလေး၏ မြင်ကွင်းအား အနှောက်အယှက်ဖြစ်နေစေသည်က ထိုသုံးထပ်တိုက်၏ ဘေးတွင် ကပ်၍ ဆောက်လုပ်ထားသော သစ်သားအိမ်ငယ်လေးပင်။

စင်စစ် သေချာ နားစိုက်ထောင်ကြည့်လျင် အေးချမ်းမေ၏ 'တစ်စစီကျိုးပဲ့နေတယ်'ဟူသည့်သီချင်းကို နားဝင်ချိုလှစွာ သီဆိုနေသော အသံလေးက ထိုသစ်သားအိမ်ကလေးထဲမှ ထွက်၍ လာခြင်းဖြစ်၏။

~ရင်မှာဝေဒနာ အချိန်နာရီ
ဒါကို ဘယ်လို ရပ်တန့်ရမှာ
ကိုယ့်ရဲ့ ထွက်ပေါက်စိတ်ဖြေရာ
မင်းမှ မရှိတာကွာ ~

~နေနိုင်တယ်လား ချစ်တဲ့သူတွေ အခုများ
မင်းက ဘယ်ကိုထွက်သွား
ဒီမှာ တို့တစ်စစီ အသည်းလေးဟာ ကျိုးပဲ့နေ ~

သီချင်းလေး ငြီးကာ၊ငြီးကာဖြင့် ထိုသစ်သားအိမ်လေးထဲမှ ပုံရိပ်လေးက လှုပ်လှုပ်ရှားရှားနှင့်သာ သူ့အိမ်လေးထဲတွင် အိမ်ယာခင်းများအား သိမ်းကာ လုပ်စရာရှိသည့် အလုပ်များအား လုပ်ရန် ပြင်ဆင်နေသည်။

"အာ့ ! အ..အမေ့ "

မျက်နှာသစ်သွားတိုက်ပြီး အပြင်သို့ထွက်ရန်အပြု ရှည်လျားလှသော သူ၏ အရပ်ကြောင့် ငုံ့၍ ထွက်ရသော တံခါးလေးမှာ မလွတ်။

သာမာန်ထပ်ပင် ဖြူဥနေကာ ပန်းနုရောင်ပင် သန်းလျက်ရှိသော သူ၏ မျက်နှာအသာအရေကြောင့် သစ်သားဘောင်နှင့် တိုက်မိသည့် နဖူးက ချက်ချင်းပင် နီရဲတက်လာ၏။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now