Part(18)/Unicode

24.9K 2.1K 126
                                    


" ဒါဆို ညည်းဆိုလိုတာက သူတို့က ဘာမှမဖြစ်ရသေးတဲ့ သဘောလား ! ခတ္တာ "

တစ်ခုခုကို တွေးဆနေဟန်ဖြင့် ဒေါ် မြလွန်းညိုက သမီးဖြစ်သူအား အမေးစကားဆို၏။

အမှန်က ခတ္တာညိုလည်း ဒုတိယသခင်လေးနှင့် မတွေ့ဆုံခဲ့ရသလို ပုံနှုန်းကိုလည်း မမြင်ခဲ့ရ။
ဒါကြောင့် ထိုမေးခွန်း၏ အဖြေကို အတိအကျမသိပေမယ့် ဘာသတင်းမှ ပါမလာရင် အပြစ်တင်မည်မှာ သေချာသည့် မိခင်ကြောင့် မှန်းဆ၍သာ ဤသို့ဤပုံ လျှောက်တင်လိုက်ရသည်။

သူမပြောလိုက်သည်ကလည်း အဖြစ်နိုင်ဆုံးပေမို့ မိခင်ဖြစ်သူကမူ အသံတိတ်လျက်
စဥ်းစားခန်းဖွင့်နေတော့၏ ။

" ဟုတ်တယ်မေမေ ၊ သူတို့ဘာမှ မဖြစ်ရသေးဘူးထင်တယ် ၊သမီးသွားတော့ အကုန်ဟန်မပျက်ဘဲ"

"ဘယ်လို ဟန်မပျက်လဲ ! သခင်လေးက
ပုံနှုန်းညီကို ငြိုငြင်ဟန်မပြတာမျိုးလား ၊
သူတို့နှစ်ယောက်ဆက်ဆံရေးက ဘယ်လိုလဲ"

"ဟို... ဟို "

မတွေ့ခဲ့ရကြောင်းပြောလျှင်တော့ စားပွဲပေါ်ရှိ ပန်းခြင်းနှင့် ကြက်မွှေးတုတ်မှာ ခတ္တာညို့အတွက်ဖြစ်သွားနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် ဟုတ်သည်..မဟုတ်သည် အသာထား၊ မိခင်ဖြစ်သူ စိတ်ချမ်းသာဖို့ အရေး သူမကပဲ ဇာတ်ညွှန်းရေးဆရာ၊သူမကပဲ သရုပ်ဆောင်သာ လုပ်ရတော့မည်။

" ဟဲ့ မိခတ္တာ ၊ တဟိုဟို တဒီဒီနဲ့
ပြောမှာဖြင့် ပြောစမ်း ! "

"အကုန် ပုံမှန်ပဲ မေမေ
အဲ့သခင်လေးကလည်း ဘာမှသိပုံမရပါဘူး
ပုံနှုန်းကလည်း ခါတိုင်းလိုပဲ ရေငုံနှုတ်ပိတ်နဲ့
အကုန်အဆင်ပြေတယ် မေမေ "

ဒေါ်မြလွန်းညိုဟာ သမီးငယ်ဖြစ်သူ ပုလဲညိုကို အားမရခဲ့ပေမယ့် သမီးကြီးခတ္တာညိုကိုတော့ အားကိုး၍ ရလောက်မည်ဟု ယုံစားထားခဲ့မိတာ၊ အခုတော့ သေချာရေရာတာ ဘာမှမရှိတဲ့ သတင်းတွေကို ယူလာသတဲ့ ။

" ငါတို့ ဒီလိုနေလို့ မဖြစ်တော့ဘူး မိခတ္တာ
အဖြစ်မှန် မပေါ်ဘူးဆိုရင်လည်း ဒီအတိုင်းဆက်မျှောနေတာက ဟုတ်ပါပြီ ၊ ဘယ်မှာလဲ ငါတို့အတွက် အကျိုးခံစားခွင့် ! ပုံနှုန်းညီကို လျှော့တွက်မိတာ မှားတာပဲ၊ အခု ဆက်သွယ်လို့တောင် မရဘူးမလား "

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now