Part(21)/Unicode

23.7K 2K 147
                                    

စိတ်သွားရာ ကိုယ်ပါရတယ်ဆိုတဲ့ စကားထက် ကိုယ်ထက်ပင် စိတ်ကစောနေသည့်အခြေအနေအလျောက် စောအယ်စေးမူးဟာ TOXIN ကို အချိန်မနှေးဘဲပင် ရောက်ရှိသွားတော့၏ ။

ဥပဒေကို လက်တစ်လုံးကြားဆိုတာမျိုးမဟုတ်လဲ ဘယ်ကြားထဲမှပင် မထည့်တတ်သည့် ဒီအဖွဲ့အစည်းနာမည်က TOXIN တဲ့လေ ။

FAMEအိမ်တော်ဟာ မျိုးရိုးစဥ်ဆက် စည်းစိမ်ဥစ္စာနဲ့ပြည့်စုံနေခဲ့ပေမယ့် ရှေးရှေးအခါကပင်
ဒီအဖွဲ့အစည့်နှင့် ပတ်သတ်ဆက်နွယ်မှုမျိုးရှိခဲ့၏။

လူကြီးများလက်ထက်၌ သိရှိခဲ့သည့် ခင်မင်မှုတို့က သူ့လက်ထက်တွင်လည်း မှေးမှိန်မသွားခဲ့။
စောစေးလျမ်းကပါ TOXIN ကို အလေးပေးဆက်ဆံခဲ့သည် ။

ထိုအသိုင်းအ၀ိုင်းမှ ဖြစ်သော မိန်းကလေးကိုပင်နွေးငယ်နား၌ ထားခဲ့သည်အထိ ကိုကိုကြီးက သည်လူတွေကို ယုံကြည်ခဲ့၏ ။
ထို့ကြောင့်ပင် သူအနေနှင့်ပေါင်းသင်းဆက်ဆံကြည့်တော့ သူနှင့်လည်း အဆင်ပြေနေခဲ့သည်။

ပေါင်းသင်းဆက်ဆံသည်ဆိုရာ၌ သူသိခဲ့သည်က ဒေါက်တာလက်ယာသက္ခကိုပင် ။

ကျန်ရှိသည့် TOXINအိမ်သားများကိုတော့နိုင်ငံရပ်ခြားတွင် အနေများသော သူ့လိုလူက မထိတွေ့ဖူးခဲ့ ။ ဒေါက်တာလက်ယာသက္ခကတော့ သူသိသည့် တစ်ဦးတည်းသော TOXINမိသားစု၀င်ပင်ဖြစ်သည် ။

TOXINသည် သူထင်ထားသည်ထက် အစောင့်အရှောက်တင်းကြပ်နေခဲ့၏ ။
တစ်ခါမှပင်မသွားလာခဲ့ဖူးသည့် ဒီလိုနေရာကို သူက အချစ်ဇောကပ်၍ ဘယ်လိုရောက်လာမှန်းကို မသိ ။

သူကလည်း ယခုအခြေအနေကိုလက်ယာမှလွဲ၍ ကျန်လူများကို မတိုင်ပင်ချင် ။ နှုန်း၌ ထိုကဲ့သို့သော အခြေအနေဖြစ်နေခဲ့သည်ကို ဘယ်သူ့ကိုမှ ပေးမသိချင်သေး။ အထူးသဖြင့် FAMEအိမ်တော်မှ မိသားစု၀င်များကိုပင် ။

TOXINအိမ်တော်သည်အစောင့်အရှောင့်တို့ဖြင့်ပြည့်နက်နေသော်ငြား သူက ကြိုတင် ဖုန်းဆက်ထား၍လားမသိ ။ လက်နက်ကိုင်ဆောင်ထားသူများက သူ၀င်လာတော့ စစ်ခြင်းဆေးခြင်းမရှိ။

သူလည်း အိမ်တော်ထဲသို့၀င်ပြီး
ဧည့်ခန်းကြီး၏ ပလ္လင်သဏ္ဍာန်ထိုင်ခုံများအနက်
အလည်တည့်တည့်နေရာထက်တွင်
ခြေပေါ်ခြေချိတ် ထိုင်နေလိုက်သည် ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now