Part(32)/Unicode

12.6K 907 40
                                    


" အိပ်..အိပ်မှာဖြင့် မအိပ်ဘဲ ဘာလို့ ထိ..ထိကပ်နေတာလဲ ၊ မင်း..မင်းကို စိတ်ကြည်သေးတာ မ .. မဟုတ်ဘူး ဟွန်း !"

ကြင်စဦး လင်မယားတွေလို ပြင်ဆင်ပေးထားတဲ့ အိပ်ယာအပြင် အဆင်တွေကြောင့် နေရခက်နေရသည့်အထဲ ကောင်လေးရဲ့ မထိတထိ အပြုအမူတွေ့ကြောင့် လူက အပျိုဖြန်းလေးလို့ ရှက်နေမိပြီး စကားတွေကလည်း ကပေါက်တိကပေါက်ချာဖြစ်နေရတော့သည်။

တကယ်ဆို ဒီကောင်လေးကို သူ့ဘက်က စိတ်ဆိုးမပြေသေး။
ဘယ်သူတွေကတော့ ဘယ်လို သူ့အပေါ် မယုံနေပါစေ၊ သူ့အမျိုးသားလေးကတော့ ယုံမယ်လို့ သူမျှော်လင့်ထားခဲ့တာ။

အခုများတော့ ကောင်လေးဟာ ပြောင်းလဲသွားတဲ့အခြေအနေမှာ သူ့အပေါ် မေးခွန်းတွေ ထုတ်လာတာပဲမဟုတ်လား။
ဒါဟာ သူ့စကားတွေကို မယုံတာ ၊ သူ့အပေါ် မယုံကြည်ပေးတာ။
သူက မဟုတ်မမှန်တဲ့စကားကို ဆိုမဲ့သူလား !
အထူးသဖြင့် သူ့မိဘတွေသေဆုံးရတဲ့အရေးကို လုပ်ကြံပြောဆိုမဲ့သူလို့ ကောင်လေးက ထင်နေတာလား။

သူ့စိတ်မကြည်ခြင်းအမှုကြောင့် ကောင်လေးရှိရာကို ကျောပေးကာ အိပ်လိုက်ခြင်း။
ထိုအရာကသာ ပိုဆိုးတဲ့ ရွေးချယ်မှုမှန်း သူသိရင် မလုပ်ဖြစ်လောက်ဘူး။

ကောင်လေးရဲ့အရာဟာ သူ့ရဲ့တင်ပါးလုံးလုံးလေးကို ပွတ်သပ်ထိ
ကပ်နေတာများ နေရခက်စွာပင်။
မရခဲ့တာကြာပြီဖြစ်တဲ့ ဒီအထိအတွေ့ကြောင့် သူ့ရင်တွေဟာလည်း တစ်လှပ်လှပ်။ မရှက်တန်းဝန်ခံရရင် ဒီလိုအထိအတွေ့မျိုးကို
သူ့ဘက်က လိုချင်နေခဲ့တာပဲ။

ဘယ်လိုပဲ ခန္ဓာကိုယ်ကတောင့်တ နေပါစေ သူ့စိတ်အစုံကတော့ ဒီကောင်လေးကို အကြာကြီး စိတ်ဆိုး စိတ်ကောက်ချင်နေတုန်း ။

မဖြစ်ဘူး ပုံနှုန်းညီ !
မင်းစိတ်တွေကို တင်းခံထားစမ်း
ဒီလိုအထိအတွေ့နဲ့ ဒီအမျိုးသားရဲ့စွဲဆောင်မှုအောက် ကျရှုံးသွားလို့ မဖြစ်ဘူး

" မင်း .. ရပ်လိုက်လို့ မရဘူးလား
ငါ .. ငါ နေရ ခက် .. ခက်လာပြီ "

" ဟင်း .. ဟင့်အင်း မောင် နေရကောင်းနေလို့၊
Baeကအရမ်း လုပ်ချင်စရာကောင်းနေတာ
မသိဘူးလား"

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now