Part(23)/Unicode

21.8K 1.9K 120
                                    

အဆောက်အဦးကြီး၏ အနောက်ဘက်မြေကွက်၌ သူ့အပြင် လူ၄ယောက်ခန့်ရှိနေ၏။ ညအမှောင်သည် တစဆစ နယ်မြေချဲ့ထွင်လာသော်ငြား အသံတို့ကတော့ တိတ်၍ မသွား ။

အလောင်းကစားရုံကြီးဖြစ်၍ အမြဲလိုလို ဆူညံနေသည်။ ယခုအခြေအနေ၌ သူအော်နေတော့လို့လည်း မထူး။ သူ၏ ခန္ဓာကိုယ်သည် အ၀တ်အစားမကပ်နေ။ ခန္ဓာကိုယ်အနှံ့တွင်လည်း အနီကွက်များ ၊ ကြမ်းတမ်းစွာရိုက်ထားသဖြင့် လက်ရာများရှိနေသည်။

အပေါ်ကိုယ်၌တင်မဟုတ် အောက်ပိုင်းတွင်လည်း အ၀တ်ကပ်၍မနေ။ သူ့အနီးနား၌ ချွဲပစ်ပစ် အရည်များ ။ ထိုအရာများဆီမှ
မသတီစွာ အကြည့်လွှဲမိလေတော့ သူ့ခြေထောက်ကို ကြမ်းတမ်းစွာ စွဲယူရင်း
သူ့လည်းပင်းကို ချုပ်လာသည့် လက်ကြမ်းကြမ်းတစ်စုံ ။

" အဟွတ်... မ .. မလုပ်ပါနဲ့ တောင်း ဟင့် တောင်းပန် "

'ဖြန်း'

သူ့၏ထုံးစံအတိုင်း အထစ်ထစ်အငေါ့ငေါ့ တောင်းပန်စကားဆိုမိလေတော့ ပြင်းထန်စွာကျရောက်လာသည့် လက်၀ါးပြင်ကြီး ။

ညင်ညင်သာသာ မဟုတ်ပါဘဲ တရစပ်ရိုက်ခတ်လာသည့် အသားစိုင်ကြောင့် နာကျင်မှုကို အံ့ကြိတ်ခံလိုက်ရသည်။
ရှိသလောက် အားလေးနဲ့ ရုန်းကန်ကြည့်ပေ
မယ့် သူ့လို နုနုဖက်ဖက် တစ်ခါတွန်းစာ
မရှိတဲ့ ဆယ်ကျော်သက်ကောင်လေးက
ဒီလူတွေဆီ ဘယ်လိုရုန်းထွက်နိုင်မှာလဲ ။

" လွှတ် .. လွှတ် ပေးပါ... တောင်းပန်ပါတယ်
အ .. အဖေ ဟင့် နှုန်း .. နှုန်းကို ကယ်ပါဦး "

" Bae .. Bae ထ .. ထပါဦး Bae
ကိုယ့်ရင်ခွင်ထဲလာ ကိုယ်ရှိတယ် "

" ဟင့် "

မောဟိုက်နေတဲ့ကြားကနေ ချစ်ရတဲ့ အမျိုးသားရဲ့ ရင်ခွင်ထဲ တိုး၀င်သွားမိ၏ ။

အိပ်မက်တဲ့လား ။
အတိတ်ဆိုးတွေဟာ ဘယ်အချိန်ထိ
သူ့အနောက်ကို အရိပ်လို လိုက်နေဦးမှာလဲ ။

မကောင်းတဲ့ အတိတ်တွေဟာ ပစ္စုပ္ပန်မှာတောင် အိပ်မက်တွေအဖြစ်နဲ့ သူ့ဘ၀ထဲ ရှိနေသေးတာဟာ စိတ်ပျက်စရာ ။

" ကိုယ်ရှိတာမလို့ Baeလုံခြုံတယ်နော်၊
ကိုယ် Baeကို သိပ်ချစ်တယ်
ဘာပဲဖြစ်ဖြစ် ပြီးခဲ့ပြီ အဲ့အချိန်တွေ ပြီးခဲ့ပြီ "

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now