Part(8)/Unicode

25.2K 2.4K 146
                                    

"FAME" အိမ်တော်သည် ရှေးရိုးအစဥ်လာအဆက်ဆက်ကပင် ကြွယ်ဝချမ်းသာလာသည့်အသိုက်အဝန်းဖြစ်သည်မို့ အိမ်တွင်း အပြင်အဆင်တို့ကပါမက ခြံကြီးဝန်းကြီးကပင်လျှင်
ခန့်နားထည်ဝါလျက်ရှိသည်။

အချိန်ကား ည၇နာရီခန့်ရှိသော်လည်း အိမ်ကြီးတစ်ခုလုံးသည်က လင်းထိန်၍ နေကာ နေ့နှင့်ညပင် မှားချင်စရာ ။

အိမ်ကြီးရှိ ပရိဘောဂများနှင့် အလှဆင်ထားသည့် ပစ္စည်းပစ္စရာတို့က သာမာန်အထက်တန်းလွှာပုံစံကို ထိုးဖောက်ကာ တော်ဝင် အငွေ့အသက်ကို ရစေသည်။

အိမ်၏ မျက်နှာကျက်တွင် အနုစိတ်လှစွာ ရေးဆွဲထားသော နံရံပန်းချီတို့က သတိလက်လွတ်ပင် ငေးမောချင်စရာ ကောင်းလှ၏။

အဖြူရောင်နှင့်ရွှေရောင် Themeကို သုံးထားသော ထိုအိမ်တော်ကြီးသည် အင်္ဂလန်၏ နန်းတွင်းအပြင်အဆင်နှင့် မြန်မာနန်းတွင်းအငွေ့အသက်တို့အား ရောစပ်လျက် ဒုတိယသခင်လေးကိုယ်တိုင် Designရေးဆွဲထားခဲ့ခြင်းဖြစ်သည်။

ည(၇)နာရီဖြစ်သည့်တိုင် အိမ်ကြီး၌ အိမ်စေများက ယောက်ယက် ခတ်လျက် ရှိနေ၏။
ဒုတိယသခင်လေး ပြန်လာပြီဆိုကတည်းက သူတို့အတွက် နတ်ဆိုးတစ်ပါး ရောက်လာသည့်နှယ် ထိတ်ထိတ်လန့်လန့်ဖြစ်ကြရသည်။

ဒုတိယသခင်လေးက သည်းခံစိတ်ရှည်ခြင်း လုံး၀မရှိ။ အမြဲလိုလို မျက်နှာက ရှစ်ခေါက်ချိုးဖြင့် အိမ်စေများအား အလိုမကျဖြစ်ကာ အော်ဟစ်ငေါက်ငမ်းတတ်သည်။

" ရှစ်ခေါက်ချိုးနတ်ဆိုးက လက်ထပ်ရမယ့်မိန်းမကို အိမ်ပေါ်ခေါ်လာသတဲ့ သိပြီးပြီလား !"

"ဟယ် မသိသေးဘူး
ဘာပဲဖြစ်ဖြစ် အဲ့မိန်းကလေးကို သနားလိုက်တာ"

အိမ်စေအချို့က ညဖြစ်သော်ငြား လင်းထိန်လျက်ရှိသော ခြံဝန်းကြီးထဲရှိ နားနေဆောင်ထဲတွင် ထိုင်လျက် ဒုတိယသခင်လေး၏ မင်္ဂလာပွဲအကြောင်း ပြောနေကြခြင်းဖြစ်သည် ။

ထိုအိမ်စေနှစ်ယောက်အပြန်အလှန်စကားပြောနေသည့်စကားဝိုင်းထဲသို့ အခြားအိမ်စေအမျိုးသမီးတစ်ယောက်ကလည်း ဝင်၍ပြောလာတော့၏။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now