Part(17)/Unicode

25.4K 2.1K 110
                                    

မျှော်လင့်မထားသည့်အရာကို မထင်မှတ်ထားဘဲ ပိုင်ဆိုင်ရတဲ့ အခြေအနေမှာ သူမှမဟုတ် သူ့နေရာမှာ အခြားသူသာဆိုလျှင်လည်း အနေရအထိုင်ရအနည်းငယ် ခက်လိမ့်မည် ။

ပိုင်ဆိုင်ရသည်ဟု ဆိုလိုက်ခြင်းမှာ လွန်နေသော်ငြား ယခုအခြေအနေအရတော့ ပုံနှုန်းဟာ ကောင်ငယ်လေးကို ပိုင်တယ်လို့ ပြောလို့ရတယ်မဟုတ်လား ။

အမျိုးသားငယ်လေး၏ ညိုသော အသားအရေသည် ညစ်ထေးမနေဘဲ ကြည်ကာ တောက်ပြောင်၏။ လက်ရှည်အဝတ်နည်း၍ အမြဲလိုလိုမြင်တွေ့နေရသည့် လက်မှ အကြောစိမ်းစိမ်းများက အကြည့်မခွာချင်စရာ ။

ရှူတည်တည်မျက်နှာထားကြောင့် နားထင်တွင်ပါ ထောင်နေသော အကြာများကလည်း နှစ်ခါမက ပြန်ငေးချက်စရာကောင်းလှသည် ။

အမြဲလိုလို တစ်နေမဟုတ် တစ်နေရာကို လှစ်ဟာပြနေသည့် ထိုကောင်လေးက ယခုလည်း အင်္ကျီကို အတော်လည်ပင်းဟိုက်သည့်ဟာကိုမှ ရွေး၍ ဝတ်လာသည်။

ပုံနှုန်းဟာ ရိုးလွန်း၊ အ လွန်း၍ လားမသိ။ ထိုကောင်လေး ဝတ်သည့် အဝတ်အစားများကို လိုက်၍ နားမလည်နိုင်ဖြစ်ရသည် ။

ကျို့တို့ကြောင်တောင်နိုင်လှပြီး အထူးဆန်းကြီးများသာ ဝတ်တတ်သည့် ထိုကောင်လေးဟာအခုလည်း မိန်းကလေးတွေဝတ်သလို
စပန့်သား အသားရောင် ပျော့တွဲတွဲအင်္ကျီလည်ဟိုက်နှင့် ဘောင်းဘီတိုကို တွဲဖက်ဝတ်ဆင်ထား၏။

ရှည်ပြီးသွယ်လျသော လက်ချောင်းများအနက် ညာဘက် လက်၅ချောင်းလုံး၌ အမြင်ကပ်စရာကောင်းလောက်အောင် လက်စွပ်၅ကွင်းစွပ်ထားသေး၏ ။

ထိုမျှ မပြီးသေး ဆံပင်ကိုလည်း သေသေသပ်သက်ဖီးလိမ်းမထားဘဲ ဘီးကုပ်လိုလို၊ ဘာလိုလိုလေး တပ်ထားသေးသည်။

ခြုံငုံကြည့်လျှင် ပုံနှုန်း၏ အမြင်၌ ထိုကောင်ငယ်လေးသည်က ယခင်နေခဲ့သည့် ရက်ကွက်ထဲမှ စိတ်မနှံ့သည့် ကလေးကြီးနှင့် တူနေသေးသည်။

"ကိုယ့်ကို ဘာလို့ အဲ့လောက်ကြည့်နေတာလဲ"

ကားထဲ၌ သူတို့နှစ်ဦးပဲ ရှိနေသည်မို့ စောအယ်စေးမူးဟာသူ့ကို အကဲဖြတ်သလိုကြည့်နေသော အမျိုးသားလှလှကလေးအား သတိထားမိပါသည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now