Part(19) / Unicode

24.8K 2.2K 199
                                    


အမျိုးသမီး သုံးယောက်ဟာ မျက်နှာချင်းဆိုင်လျက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည် ။

အခြေအနေက တင်းမာနေပေမယ့် အမျိုးသမီးသုံးယောက်အနက်
တစ်ယောက်သော အမျိုးသမီးကတော့ အချိုသာဆုံးသော အပြုံးကို သိသိသာသာထင်ပေါ်အောင် ပြုံးနေ၏။ သူမ၏ အပြုံးသည်က ဘယ်သို့ဘယ်ပုံ ချိုသာနေပါစေ၊တမင်လုပ်ယူ၍ ပြုံးပြနေမှန်း မြင်သူတကာ သိနိုင်သည့် အပြုံးပင်ဖြစ်သည်။

" ကျွန်မက ခတ္တာညိုပါ ၊ ဒီက သခင်မလေး ကျွန်မကို ကူညီပြီး သင်ပြပေးပါဦး "

ခတ္တာညိုဟာ နော်ဘလက်ဇင်နွေး ကို အချိုသာဆုံးဖြစ်အောင် ပြုံးပြရင်း ညာဘက်လက်ကို ရှေ့သို့ကမ်းပေးလိုက်သည်။

" ကျွန်မ နာမည်က သစ်ခတ်စိမ်း ၊
နွေးရဲ့ Secretary "

ခတ္တာညိုဟာ နော်ဘလက်ဇင်နွေးဆီသို့ လက်ကမ်းလိုက်ပေမယ့် လက်ဆွဲနှုတ်ဆက်လာသူဟာ သစ်ခတ်စိမ်းဆိုတဲ့ မိန်းကလေးဖြစ်နေခဲ့သည် ။

ဘယ်သူကပဲ လက်ဆွဲဆွဲ အရေးမကြီးသည့် ကိစ္စမလို ခတ္တာလည်း သစ်ခတ်စိမ်းဆိုသည့် အမျိုးသမီးကိုပဲ တဖန်ပြုံးပြလိုက်၏ ။

နော်ဘလက်ဇင်နွေးဆိုသည့် ကောင်မလေးကလည်း သူ့အစ်ကိုငယ်ဖြစ်သူနဲ့ ဘာထူးလဲ ။

၂၄နာရီလုံး မျက်နှာကြီးကို ရှစ်ခေါက်ချိုးလုပ်ထားတတ်သည်ထင်ရဲ့ ။
စကားလည်း သိပ်မပြော ၊
ပြောလာလျှင်လည်း ထရိုက်ချင်စရာ အပေါက်အလမ်းမတည့်သည့် စကားတွေ ။

အခုလည်း သူမကို မတူသလို၊မတန်သလို မပတ်သတ်ချင်သလို၊ အသိအမှတ်မပြုဟန်နှင့် ဥပက္ခာပြုနေသည်က အမှန်တကယ်ပင် ဒေါသထွက်ချင်စရာ ။

သို့သော်ငြား မိခင်၏ စေခိုင်းချက်ကြောင့်
မချစ်သော်လည်း အောင့်ကာ နမ်းရမည့်အထဲ
ဒီသခင်မလေးလည်း အပါအ၀င် ဖြစ်နေသည်။

ကောင်မလေးဟာ ချစ်ဖို့ကောင်းတဲ့ ရုပ်လေးမှ အားမနာ အမြဲတွန့်ကျိုးနေတဲ့
မျက်ခုံးတွေကြောင့် အရှိန်အ၀ါရှိသလို အနေအထားကို အတင်းရော လုပ်ယူနေပုံရသည်။

ခတ္တာညိုဟာ သူမအလုပ်လုပ်ရမည့် စားပွဲသို့သာ အသာသွား၍ ထိုင်နေလိုပ်သည်။ သို့သော်ငြား ဘာမျှ မစတင်ရသေး။ သူမအတွက် အလုပ်လုပ်ရသည်က အတော် အခက်အခဲရှိလှသည် ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now