Part(13)/Unicode

25.9K 2.4K 292
                                    

ဧည့်ခန်းထဲရှိ လေထုသည်က သိသိသာသာ အေးစက်လျက် ။ ပုံနှုန်း၏ စိတ်အထင်ကြောင့်လားရယ် မသိ ၊ ကောင်ငယ်လေးဟာ လက်မှတ်ထိုးခြင်းအမှုပြီးသည်အထိ ပုံနှုန်းကို ဘာစကားမှမပြောမလာဘဲ တမင်ရှောင်နေလျက် ။

သည်လိုအခြေအနေကြီးဟာ သိပ်ကို အနေရခက်လှသည် ။
ပုံနှုန်းက အပစ်လုပ်ထားသည့် အပစ်သား တစ်ယောက်လိုမျိုး ထိုအမျိုးသားငယ်လေးကို မျက်လုံးချင်းစုံ၍ပင် စေ့စေ့မကြည့်ရဲ။
ကောင်ငယ်လေးကမူ သူ့အား ဘာစကားမှ ဖွင့်ဟမလာသော်ငြား မျက်စိဒေါက်ထောက်၍ ကြည့်ကာနေသည်။

ပုံနှုန်းမှန်းဆထားသော အခြေအနေမှာ ယခုကဲ့သို့မဟုတ် ။
ပုံနှုန်းဟာ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောကျ်ားလေးတစ်ယောက်ဆိုတာကိုသာ ကောင်ငယ်လေးက သိသွားခဲ့ရင် ပုံနှုန်းချက်ချင်းဘဲ သည်အိမ်က ထွက်သွားရတော့မည်ပေါ့ ။ အခုက အဲ့သည်လို လုံး၀ မဟုတ်ခဲ့ ။

ဒေါ်မြလွန်းညို၏ မျက်နှာကတော့ အခြေအနေအရပ်ရပ်ကို မသိသေးသည့်တိုင် ရွှင်ပြလျက်ရှိနေသည် ။
ပုံနှုန်းက မေမေကြီးအား မျက်နှာရိပ်မျက်နှာကဲပြလျက် ဖြစ်ပျက်ခဲ့သည်တို့ကို ပြောပြချင်သာ်ငြား ယခုအခြေအနေလေး ပျက်စီးသွားမည်ကို မလိုချင်ပါ ။

ပုံနှုန်းက အဲ့သည်အမျိုးသားလေးအနားမှာနေချင်တယ် ။
အဲ့သည်အမျိုသားလေးဟာသူ့စိတ်ရဲ့ချမ်းသာရာရပ်ဝန်းငယ်လေး ဖြစ်နေခဲ့ပြီမို့... ။

" ဒေါ်မြလွန်းညို စိတမပူပါနဲ့ ၊ ကျွန်တော်တို့က နှုန်းလေးကို ကိုယ့်ညီမလေးတစ်ယောက်လို
စောင့်ရှောက်ကြ၊ချစ်ပေးကြမှာပါ၊ စိတ်ချလက်ချနဲ့ ထားခဲ့ပါဗျာ "

စောစေးလျမ်း၏ ကတိကဝတ်ပြုပြောဆိုလိုက်သော အာမခံချက်စကာကြောင့် ဒေါ်မြလွန်းညိုက အင်တင်တင်အပြုံးမျိုးသာ ပြုံးပေးလိုက်သည်။

မနက်ဖြန်မနက်လောက်ဆိုရင် ပြန်လာခေါ်ခိုင်းကြတော့မှာကို သူမသိပါ၏။

'အစားကိုသာ ကုန်အောင်စား၊ စကားကို ကုန်အောင်မပြောနဲ့' တဲ့ သခင်ကြီးရဲ့ ! ရှင့်ညီတော်မောင်လက်ထပ်ထားတာက မျိုးတူယောကျ်ားတစ်ယောက်လေ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now