Part(4)/Unicode

38.6K 3.2K 503
                                    


အချိန်ကား ညနေစောင်းလုနီးနီးအချိန်အခါဖြစ်၏။

နေဝင်နေသည့်အချိန်ဖြစ်၍ ပတ်ဝန်းကျင်သည်အလင်းမှိန်မှိန်ဖျော့ဖျော့သာ ရှိတော့ပြီး လျှပ်စစ်မီးအကူအညီမပါပါက သဲသဲကွဲကွဲမြင်ရရန် အားစိုက်ကြည့်ရမည့် အခြေအနေပင်။

ထိုအချိန်၌ပင်လျှင် ဒေါ်မြလွန်းညိုတို့ သားအမိတွေက ပြင်လျက်ဆင်လျက်ဖြင့် ဖင်တကြွကြွဖြစ်ကာနေ၏။

"ဟဲ့ ခတ္တာညို၊ ပုလဲညို
အမြန်လုပ်လေဟယ်
သခင်လေးက ရောက်လာတော့မယ်
အမြန်ထွက်ရအောင် !"

ဒေါ်မြလွန်းညိုက ခါတိုင်းနှင့်မတူ အသံကို ခပ်တိုးတိုးခပ်အုပ်အုပ်ဖြင့်သာ သမီးနှစ်ယောက်အား လက်တို့ကာပြော၏။

ခတ္တာညိုကလည်းမိခင်ဖြစ်သူပြောပြထားသည့် အကြံအစည်အား အကောင်အထည်ဖော်ရန် အငယ်မဖြစ်သူအား အမြန်ပင် လက်တိုကာ အချက်ပြလိုက်သည်။

ပုလဲညိုကတော့ မိခင်ဖြစ်သူနှင့်အမဖြစ်သူ၏ အကြံအစည်အား အားပေးအမြှောက်မပြုသလို ကန့်ကွက်တားဆီးခြင်းလည်းမပြု။

သို့သော်ငြား ပုံနှုန်းညီဆိုသည့်အမျိုးသားကလည်း သွေးသားတော်စပ်သူအစ်ကိုဖြစ်သည့်အလျောက်သူမ၏ စိတ်ထဲတွင်တော့ မကောင်းဖြစ်မိ၏။

"မေမေ..မမနှုန်းကိုလေ အဲဒီလူနဲ့ နှစ်ယောက်ထဲ ထားခဲ့လို့ဖြစ်ပါ့မလားဟင် ၊ အဲ့ဒီသခင်လေးက တဏှာအရမ်းကြီးတာတဲ့ မမနှုန်းက လှတပတကလေး၊ တော်ကြာ ယောကျ်ားလည်းမရှောင်တဲ့သူဆို မတွေ့ရဲစရာပဲ "

ပုလဲညိုက စိုးရိမ်စွာဖြင့် ထိုသို့ပြောလေတော့ ဒေါ်မြလွန်းညိုက မျက်နှာကြီးကို သာမာန်ထက် ဆူပုတ်လိုက်လေပြီး သမီးဖြစ်သူအား အားမလို၊အားမရဖြစ်သလို ကြည့်လိုက်ကာ တိုးငယ်သောအသံဖြင့် ဆူပူသည်။

"မတွေးရဲရင် မတွေးနဲ့ပေါ့ မိပုလဲရယ်
ညည်းထက်အကြီးဖြစ်တဲ့ ခတ္တာတောင် ဘာမှမပြောဘူး ၊ အငယ်က အငယ်လိုနေစမ်းပါ၊
ရှည်ကိုရှည်တယ်"

ဒေါ်မြလွန်းညိုက သူမ၏ အစီအစဥ်အား သဘောတကျ တွေးလိုက်ရင်း အလိုက်ကမ်းဆိုးမသိသည့် သမီးငယ်ဖြစ်သူကို လစ်လျူရှုလိုက်၏။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Tahanan ng mga kuwento. Tumuklas ngayon