Part(5)/Unicode

27.7K 2.5K 214
                                    


ပုံနှုန်းဟာ သူရဲ့ရှေ့မှာ ရပ်နေသည့်ထိုသခင်လေးဆိုသည့် ကောင်လေးအား ရှက်ရွံ့စွာပင် အကြည့်လွှဲ၍ထားလိုက်၏။

သူ၏မျက်လုံးအစုံအားစိုက်၍ ပျစ်ပျစ်နှစ်နှစ်ပင် စော်ကားပြောဆိုလိုက်သော စကားအတွက် သူ့မှာအဖြေမရှိပါ။
သည်သခင်လေးဟာ သူမကြာခင်လက်ထပ်ရမည့် ယောကျ်ားလေးပဲ။

နောက်ပြီး သူ့လိုလူကို ဒီလိုသခင်လေးက သည်လောက်တော့ နှိမ့်ချကာ ဆက်ဆံလိမ့်မည်ဟု သူကြိုတင်ကာ တွေးဆထားပြီးသားပင်။

ထို့ကြောင့် သူက ဘာအခြေအငံစကားမျှ ပြန်၍ မပြောဘဲ နှုတ်ဆိတ်၍သာ မထုံတက်သေးနိုင်စွာ ငူငူငိုင်ငိုင်ဖြင့်ရပ်နေလိုက်၏။

"ဘာလဲ ၊ ဒီနေရာမှာပဲ လုပ်ချင်တာလား
ဒေါ်ရတီပုံနှုန်းက Publicကို သဘောကျတဲ့ပုံပဲ "

ထိုကောင်လေးက သူ့အားကြည့်ကာ ထိုသို့ပြောရင်း သူ၏ ပုခုံးအား လာရောက်ကိုင်တွယ်၏။

*ဂွက်!*

"အား...ခင်ဗျားဘာဖြစ်နေတာလဲ တောက်!"

သူက သူ၏ အသားအားလာထိသောကြောင့် သတိမထားမိပါဘဲ စိတ်လိုလက်ရပင် ထိုကောင်လေး၏ ခေါင်းကို ဒုတိယံမိ လင်ဗန်းစာကျွေးလိုက်မိ၏။

"ငါ့..ငါ့ကို မ..မထိနဲ့..ဒီ..ဒီမှာ တွေ့လား !"

စောအယ်စေးမူးက သူ၏ ရှေ့တွင် အဖြူနှင့်အညို ရင်ဖုံးဝမ်းဆက်အားဝတ်လျှက် လင်ဗန်းကိုင်ကာ သူ့အားသတိပေးနေသည့် ထိုအမျိုးသမီးအား ဒေါသတကြီးပင် ကြည့်လိုက်မိပြီး စိတ်ရှုပ်စွာပင် ညည်းတွားသလို ပြောလိုက်မိ၏။

" ဒီမှာ..ခင်ဗျားရိုက်တာ ခံဖို့လာတာမဟုတ်ဘူး၊
ခင်ဗျားနဲ့ အိပ်ပေးဖို့လာတာ..ခင်ဗျားပဲ ကျွန်တော်နဲ့ အတူအိပ်ဖို့ပြောခဲ့တယ်မလား ဘာလို့အခုမှ ဟန်ဆောင်နေရတာလဲ ကျွန်တော့်အထင်ကြီးတာ ခံချင်တာလား..စိတ်မရှိနဲ့ ခင်ဗျားကို အရင်ကတည်းက အထင်သေးပြီးသားမလို့ !"

စေးမူးက ထိုမိန်းကလေးအား သူ၏စိတ်ထဲတွင် ရှိသည့်အတိုင်း မချွင်းမချန်ပါဘဲ တင်းမာသော မျက်နှာထား၊ခက်ထန်သော အသံတို့ဖြင့် ထိုသို့ပြောလိုက်သည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now